မြန်မာ့လက်ရွေးစင်အသင်း၏ ဥရောပခရီးစဉ်ကို ငြိမ်းချမ်းအောင်အား ခေါ်ဆောင်သွားမည်

မြန်မာ့လက်ရွေးစင်အသင်း၏ ဥရောပခရီးစဉ်ကို ငြိမ်းချမ်းအောင်အား ခေါ်ဆောင်သွားမည်
ဒဏ်ရာကြောင့်အနားယူနေရသော ငြိမ်းချမ်းအောင် လေ့ကျင့်မှုများပြန်လည်ပြုလုပ်နေစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

သြဂုတ် ၇၊ ရန်ကုန်။               ။ စက်တင်ဘာလအတွင်းသွားရောက်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ဥရောပခရီးစဉ်ကို ဒဏ်ရာရနေသော ရန်ကုန်ယူနိုက်တက်ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်အား   ခေါ်ဆောင်သွားမည်ဟု နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။

ငြိမ်းချမ်းအောင်မှာ ယူ-၂၀ကမ္ဘာ့ဖလားမတိုင်မီခြေစမ်းကစားခဲ့သော ဟန်ဂေရီနှင့်ပွဲ၌ရရှိခဲ့သော ဒူးဒဏ်ရာကြောင့်ကာလရှည်အနားယူနေရသူဖြစ်သည်။ “ငြိမ်းချမ်းအောင်ရဲ့ ဒဏ်ရာကလေ့ကျင့်ခန်း လုပ်လို့  ရနေပါပြီ။ ဥရောပခရီးစဉ်အတွက်သူ့ကိုခေါ်သွားမှာပါ။ ကစားသမားကို စိတ်ဓာတ်မြှင့်တင်ပေးဖို့လိုအပ်သလို အသင်းအတွက်လိုအပ်တဲ့ကစားသမားတစ်ဦးဖြစ်နေတာကြောင့်ပါ။”ဟု ဂတ်ဇီဆီကပြောသည်။

မြန်မာယူ-၂၀ကစားသမားငြိမ်းချမ်းအောင်မှာ အစွမ်းအစရှိသော လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် မနောမြေအသင်းမှ ရန်ကုန်ယူနိုက်တက်အသင်းသို့   ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းလူစာရင်းတွင်ပါဝင်နေသော ယူ-၂၀ကစားသမား ကျော်မင်းဦးမှာလည်း ဒူးဒဏ်ရာရနေပြီး မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly