ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် အနီးတဝိုက်တွင်် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် အနီးတဝိုက်တွင်် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိ
photo - (ဝေယံထွဋ်)

သြဂုတ် ၆၊ ၂၀၁၆ ။         ။ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရှိ ရွာများတွင် မြစ်ရေ ဆက်လက်မြင့် တက်နေပြီး စိုးရိမ်ရေမှတ်ကျော်လွန်ကာ နတ်တလင်းမြို့နှင့် မိုးညိုမြို့နယ် ဆက်ထားသည့် ငါးပြေမတံတား ကျိုးသွားပြီ ဖြစ်ကြောင်း တာပွန်နယ်မြေ မီးသတ်တပ်ဖွဲ့ နယ်မြေတာဝန်ခံ (ရှာဖွေကယ်ဆယ်ရေး ယာယီတာဝန်ခံ) ဦးဝေယံထွဋ်က မဇ္ဈိမကို ပြောသည်။

“ရေကတော့ မနေ့က ထက် လက်သုံးလုံးကျော်သွားပြီ။ အသေအပျောက်တော့မရှိသေးပါဘူး။ ရေဘေးရှောင် တွေကို တော့ စာသင်ကျောင်းတွေမှာရွှေ့ထားပါတယ်။ ကယ်ဆယ်ရေးတွေကတော့ မရှိသေးပါဘူး။ မရှိသေးဘူး ဆိုတာက ဒီ ဘက်မှာ အရမ်းကြီးလည်း ဖြစ်ဖူးတယ်မရှိတော့ ရဲနဲ့မီးသတ်တွေနဲ့ အဆင်ပြေပါတယ်ဗျာ။ တံတားလည်း ကျိုးသွားတဲ့ အတွက် လမ်းမရှိတော့ဘူးဗျာ။ လက်ရှိမှာ စက်လှေတွေနဲ့ အကြိုအပို့လုပ်ပေးနေပါတယ်။ ဆီဖိုးလေးတော့ပြန်ပေးရ တာ ပေါ့ ။ ဒါပေမယ့် အများကြီးတော့ ပေးရတာမဟုတ်ပါဘူး။ ” ဟု ဦးဝေယံထွဋ်က ပြောသည်။

ရေကြီးမှု ခံစားနေရသော ကျေးရွာများမှာ တောင်ယာတော၊ ကြို့ပင်အင်း၊ ကျောင်းရွာကလေး၊ လက်ပံကုန်း၊ ရေမွှေး၊ ပုဇွန်ချောင်း စသည့်ရွာများဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေမီထွန်း ဦးစီးသော တာပွန် ကျေးလက် ကျန်း မာရေး ဌာနခွဲမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ဟု ရှာဖွေကယ် ဆယ်ရေး ယာယီတာဝန်ခံ ဦးဝေ ယံထွဋ် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required