စင်ကာပူနိုင်ငံကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြံစည်ထားခဲ့သော အင်ဒိုနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရ

စင်ကာပူနိုင်ငံကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြံစည်ထားခဲ့သော အင်ဒိုနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရ

စင်ကာပူနိုင်ငံကို ဒုံးလက်နက်ဖြင့် လှမ်းပစ်ရန် စီစဉ်ထားသည်ဟု ဝန်ခံပြောကြားခဲ့သူ  ခြောက်ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၉ နှစ်မှ ၄၆ နှစ်ထိ အရွယ်စုံ ပါဝင်ပြီး ၎င်းတို့အား ဘက်တမ်ကျွန်းအနီးအနား နေရာစုံတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ အကြမ်းဖက်အစီအစဉ်ထဲတွင် စင်ကာပူ၏ အထင်ကရ Marian Bay ရှိရာ ကမ်းနားပိုင်းအရပ်ကို ယင်းနှင့်သိပ်မဝေးလှသော တောင်ဘက်အရပ်ရှိ ဘန်တမ်ကျွန်းပေါ်မှနေ၍ ဒုံးကျည်ဖြင့်လှမ်းပစ်ရန် စီစဉ်ထားသည်ဟု သိရသည်။

ယခုကဲ့သို့ တိုက်ခိုက်ရန် ကြံစည်ခဲ့မှုကို သိရှိသည်နှင့် လုံခြုံရေးတိုးမြင့်ဆောင်ရွက်ထားပြီဖြစ်ကြောင်း စင်ကာပူအာဏာပိုင်များကလည်း ပြောကြားသွားသည်။

အဆိုပါ ခြောက်ဦးအား ယခုအခါ စစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်း နှင့် ၎င်းတို့အနေဖြင့် ဝန်ခံထားသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်နိုင်မည့်အခြေအနေ ရှိမရှိ စစ်ဆေးနေကြောင်း အင်ဒိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘွိုင်း ရက်ဖ်လီက ပြောသည်။

အလားတူ ယခုသံသယရှိ တရားခံများသည် ပြီးခဲ့သည့် ဂျာကာတာတိုက်ခိုက်မှုဖြစ်စဉ်၌ နောက်ကွယ်မှကြိုးကိုင်ခဲ့သော အင်ဒိုစစ်သွေးကြွအဖွဲ့ Bahrun Naim နှင့် ဆက်နွယ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required