ငြိမ်းချမ်းရေးကော်မရှင် နဲ့ မိုင်းလားအဖွဲ့တို့ NRPC မှာတွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင် နဲ့ မိုင်းလားအဖွဲ့တို့ NRPC မှာတွေ့ဆုံဆွေးနွေး
ဓာတ်ပုံ- ဦးလှမောင်ရွှေဖေ့စ်ဘုတ်

သြဂုတ်လ ၁ရက်နေ့ နေ့လည် တစ်နာရီခန့်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးမှာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ မိုင်းလားအဖွဲ့အနေနဲ့ နိုင်ငံတော်ကနေ ခွဲမထွက်ရေးမူအပါအဝင် အချက်ငါးချက်ကို ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့  နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ပြင်ဆင်သုံးသပ်တဲ့ အစည်းအဝေးကို မိုင်းလားအဖွဲ့ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

 “နိုင်ငံရေးအခြေခံမူအနေနဲ့ ပြည်ထောင်စုက ခွဲမထွက်တဲ့မူကို ဆက်ပြီးတော့ ချုပ်ကိုင်ထားပါမယ်။ နောက်တစ်ခုက နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်ရေးကို ဖော်ဆောင်သင့်ပါတယ်လို့ အကြံပြုပါတယ်” ဟု ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဦးခင်ဇော်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

NCA စာချုပ်မှာ မိုင်းလားအဖွဲ့ လက်မှတ်ထိုးဖို့ကိစ္စ ဆွေးနွေးရာမှာတော့ မိုင်းလားအဖွဲ့အနေနဲ့ ပြန်လည်တိုင်ပင်စရာများ ရှိနေသေးတာကြောင့် မပြီးပြတ်သေးဘူးလို့ ဦးခင်ဇော်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly