ချယ်လ်ဆီးတွင် ဒီယေဂိုကော်စတာ ဆက်ရှိမည်ဟု နည်းပြကွန်တီ အာမ မခံ

ချယ်လ်ဆီးတွင် ဒီယေဂိုကော်စတာ ဆက်ရှိမည်ဟု နည်းပြကွန်တီ အာမ မခံ

ဇူလိုင် ၃၁၊ လန်ဒန်။              ။ တိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်တွင် အသင်း၌သာဆက်ရှိနေမည်ဟု သေချာမပြောနိုင် ကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီက ဝန်ခံပြောဆိုလိုက်သည်။

ဒီယေဂိုကော်စတာသည် ဆီဗီလာတိုက်စစ်မှူးဂါမီယာရိုကိုခေါ်ယူထားသည့် အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည် ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသည်။

အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးသည် မီချီဂန်တွင် အင်တာနေရှင်နယ်ချန်ပီယံများဖလားပွဲအဖြစ် ရီးယဲလ်ကို ၃-၂ ဖြင့်ရှုံး သည့်ပွဲတွင် ပါဝင်ကစားခွင့်မရဘဲ အနာဂါတ်မရေမရာဖြစ်နေဆဲ ဖြစ်သည်။

ပရိသတ် ၁၀၅, ၀၀၀ ရှေ့တွင်ကစားသော ယင်းပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကွန်တီက “ဒီနေ့မှာတော့ ကော်စတာက ချယ်လ်ဆီးကစားသမားပါ။ သူဒဏ်ရာရနေလို့ မကစားနိုင်တာပါ။

လေ့ကျင့်ရေးအစီအစဉ်မှာ သူတိုးတက်လာတာ တွေ့ရင်တော့ နောက်ပွဲတွေမှာ ပါနိုင်ပါလိမ့်မယ်”ဟု သတင်းထောက်များကိုပြော ခဲ့ပြီး ကော်စတာ၏အနာဂါတ်နှင့်ပတ်သက်၍မူ “ဒါကအပြောင်းအရွှေ့ဈေးကွက်ရဲ့ အခြေအနေဖြစ်ပါတယ်။

ကျွန်တော်က ဒီနေ့အတွက်ပြောတာဖြစ်ပြီး ဒီနေ့မှာတော့ သူက ချယ်လ်ဆီး ကစားသမားပါ။ မနက်ဖြန်မှာ အသင်းနဲ့သူဆက်ရှိ နေမလားဆိုတာတော့ ကျွန်တော်မသိဘူး။

ကစားသမား ၂၉ ယောက်လုံးက ချယ်လ်ဆီးကစားသမားပဲ။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားရင်တော့ ဘယ်သူတွေကျန်ပြီး ဘယ်သူတွေပြောင်းသွားလဲဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောနိုင်ပါလိမ့်မယ်”ဟု ပြေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags