စင်ကာပူဝန်ကြီးချုပ် အမေရိကန်သို့ တရားဝင်ခရီး သွားရောက်မည်

စင်ကာပူဝန်ကြီးချုပ် အမေရိကန်သို့ တရားဝင်ခရီး သွားရောက်မည်

ဇူလိုင် ၃၀ ။               ။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် အမေရိကန်နိုင်ငံသို့ ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်မည့် တရားဝင်ခရီးအား ဇူလိုင် ၃၁ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။

၁၉၈၅ ခုနှစ်နောက်ပိုင်း အမေရိကန်သို့ စင်ကာပူဝန်ကြီးချုပ်တစ်ဦး၏ တရားဝင်ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဓွန့်ရှည်ရင်းနှီးမှုကို ပြသသည့် ခရီးစဉ်ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၃၀ တွင် ထုတ်ပြန်လိုက်သည်။

နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး တိုးမြင်စေနိုင်မည့် ယခုခရီးစဉ်သည် စင်ကာပူနှင့် အမေရိကန်တို့၏ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နသည်။

ဝန်ကြီးချုပ် လီရှန်လွန်းသည် ယခုခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ဒုသမ္မတဂျိုးစ်ဘိုင်ဒင်၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required