ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်းခံရပြီးတဲ့နောက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စိုးရိမ်မှုမြင့်တက်နေ

ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်းခံရပြီးတဲ့နောက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စိုးရိမ်မှုမြင့်တက်နေ
ရန်ကုန်မြို့က အထပ်မြင့်အဆောက်အဦး လုပ်ငန်းခွင့်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

မကြေလည်တာနဲ့ နားမလည်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်ပါ။ တစ်ခါ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေးကော်မတီက သူတို့ကိုယ်တိုင် အဲဒီ့လုပ်ငန်းခွင်တွေကို သွားရောက်စစ်ဆေးတဲ့အခါမှာလည်း စည်းကမ်းဖောက်ဖျက်တာမျိုးကို မတွေ့ရတာကြောင့် တိုင်းဒေသကြီးအစိုးရကို သိမြင်စေဖို့ စာပေးပို့တင်ပြထားပြီးလည်း ဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေးကော်မတီက ဒီကိစ္စ ပြေလည်လို့ ပြေလည်ငြားဆိုပြီး တိုင်းဒေသကြီးအစိုးရဆီက ပြန်လည်သုံးသပ်ဖို့ တင်ပြထားပေမယ့် အခုထက်ထိတော့ အဖြေက ဘာဆိုတာကို မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကော်မတီရဲ့ တာဝန်ရှိသူကို အင်တာဗျူးလုပ်ဖို့ ဆက်သွယ်ခဲ့ပေမယ့် အဲဒီ့ဘက်က အစိုးရကို ဖိအားပေးသလို ဖြစ်မှာဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

တစ်ခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ မြို့တော်အဆောက်အဦး တည်ဆောက်မှုဆိုင်ရာ စိစစ်ရေးကော်မတီရဲ့ အဖွဲ့အဝင်တစ်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း သူ့ဘက်က ရေရာတဲ့သိရှိခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

အဲဒီ့တော့ လက်ရှိအခြေအနေက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေလို့လည်း သုံးသပ်ရပါတယ်။

တစ်ဘက် ရပ်ဆိုင်းခံထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဘက်က တွက်ပြထားတဲ့ ဒီအပေါ်မှာ ဆုံးရှုံးနိုင်မယ့်ပမာဏကလည်း ဒေါ်လာဘီလီယံနဲ့ချီပြီးရှိ နေတာပါ။ ဒါကြောင့် သူတို့ဘယ်လိုဖြစ်စေချင်သလဲဆိုတာနဲ့ ပတ်သတ်ပြီး ဒီအကြပ် အတည်းမှာ ပါဝင်ပတ်သတ်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို မေးကြည့်တဲ့ အခါမှာတော့….

"ဒီဥပဒေကို ပြန်ပြောင်းတာ မဟုတ်ဘူး ရှိတဲ့ ဥပဒေကို ပြောင်းစေချင်တာ မဟုတ်ဘူး။ ကျတော်တို့ အရင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှာ ကျတော်တို့ ဒီ ပါမစ်တွေက ရထားတယ်။ အဲဒီအတွက် ပါမစ်အတိုင်း ကျတော်တို့ကို ဆက်လက်ပြီးတော့ ဆောက်လုပ်စေချင်တယ်။ ကျတော်တို့အနေနဲ့ကတော့ ဒီဟာကိုလည်းအစိုးရအဖွဲ့ အနေနဲ့ ခွင့်ပြုစေချင်တယ်။" လို့ PSWN Development Co., Ltd ရဲ့ အထွေထွေမန်နေဂျာ ဦးသီဟဇော်က ပြောပါတယ်။ 

ဒီရပ်နားခံထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင်လည်း ဆောက်လုပ်ခွင့် ပါမစ်ကျချိန်ကတည်းက လူနေအိမ်ခန်းတွေကို စပြီး ရောင်းချခဲ့တာတွေရှိပြီး ဒီလို မတည်မငြိမ်မှုတွေ ဖြစ်လာနေတဲ့အချိန်မှာ ဝယ်ယူသူတွေဘက်က စိုးရိမ်တာမျိုး တွေရှိနေပါတယ်။ အဲဒီ့ထဲက တစ်ချို့ဆိုရင် ငွေပြန်အမ်းဖို့ တောင်းဆိုထားတာမျိုးလည်း ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဘက်က ပြောဆိုကြပါတယ်။

ဒါကြောင့် စီးပွားရေးမြို့တော် ရန်ကုန်က အစကောင်းနေတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေဟာ ထိုးနှက်ချက်တွေနဲ့ ယိုင်လဲသွားမှာလား..ဒါမှမဟုတ် လက်ရှိ အခက်အခဲတွေကနေ ဘယ်လို လွတ်မြောက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required