ပေါ့ဂ်ဘာ၏ဆေးစစ်မှု အောင်မြင်ခဲ့ပြီဟု ဒေးလီးစတား ဖော်ပြ

ပေါ့ဂ်ဘာ၏ဆေးစစ်မှု အောင်မြင်ခဲ့ပြီဟု ဒေးလီးစတား ဖော်ပြ

ဇူလိုင် ၂၉၊ အင်္ဂလန် ။                 ။ ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့ကြေးအတွက် မန်ယူအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ သဘောတူညီပြီးနောက်တွင် မန်ယူအသင်း၏ ဆရာဝန်က ပေါ့ဂ်ဘာကို   လော့စ်အိန်ဂျလိစ်တွင် ဆေးစစ်ခဲ့ရာ အောင်မြင်ခဲ့ပြီဟု ဒေးလီးစတားသတင်းစာက ဖော်ပြခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၁၂ သန်းဖြစ်ပြီး ပြင်သစ်သားသည် မန်ယူအသင်းတွင် ကျောနံပါတ်ခြောက်ဂျာစီကို ဝတ်ဆင်ရန် ရည်ရွယ်နေသည်ဟု အဆိုပါသတင်းစာက ဖော်ပြသည်။ ပေါ့ဂ်ဘာသည် မန်ယူအသင်းတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၇၅,၀၀၀ ရရှိမည်ဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဟုလည်း ထိုသတင်းတွင် ပါရှိသည်။

ပြီးခဲ့သည့်လေးနှစ်က နည်းပြကြီးဖာဂူဆန်၏လက်အောက်တွင် နေရာမရသည့် ပေါ့ဂ်ဘာသည် ဂျူဗင်တပ်စ်သို့ အလွတ်ပြောင်းရွှေ့သွားခဲ့ပြီး အီတလီတွင် အောင်မြင်မှုများရရှိခဲ့သူဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းနှင့်စီးရီးအေဖလားသုံးကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တစ်ကြိမ်တက်ရောက်နိုင်ခဲ့ကာ ဥရောပ၏ အကောင်းဆုံးအလယ်တန်းကစားသမားတစ်ဦးဖြစ်လာခဲ့သည်။

ရီးယဲလ်က ဂါရတ်ဘေးလ်ကို ခေါ်ယူသည့် ပေါင် ၈၅ သန်းစံချိန်ကိုချိုးဖျက်ကာ ကမ္ဘာပေါ်တွင် တန်ကြေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်သည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required