ရှဝိန်းစတိုင်ဂါအပါအဝင် ကစားသမားကိုးဦးကို အသင်းမှ ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း မော်ရင်ဟို ပြော

ရှဝိန်းစတိုင်ဂါအပါအဝင် ကစားသမားကိုးဦးကို အသင်းမှ ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း မော်ရင်ဟို ပြော

ဇူလိုင် ၂၉၊ မန်ချက်စတာ ။                ။ မန်ယူနည်းပြ မော်ရင်ဟိုက ဂျာမနီကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါနှင့် ကစားသမားကိုးဦးမှာ ၎င်း၏အနာဂတ်အစီအစဉ်တွင် မပါဝင်သည့်အတွက် အသင်းကထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း ပြောဆိုလိုက်သည်။

ရှဝိန်းစတိုင်ဂါသည် ဂျာမနီအသင်းနှင့်အတူ ယူရိုပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း မော်ရင်ဟို၏အသင်းတွင် ပါဝင်ခွင့်မရခဲ့ပေ။ မော်ရင်ဟိုက သူ၏အသင်းကို ကစားသမား ၂၄ ဦးဖြင့်သာ ဖွဲ့စည်းမည်ဟုဆိုခဲ့ပြီး ကစားသမားကိုးဦးလျှော့ချလိုက်ခြင်းဖြစ်သည်။

မော်ရင်ဟို၏အနာဂတ်အစီအစဉ်တွင် မပါဝင်သည့် ကစားသမားကိုးဦးတွင် ရှဝိန်းစတိုင်ဂါ၊ ယာနူဇေး၊ ဝယ်ကိန်း၊ ဘော့ဝပ်ဂျက်ဆင်၊ ဘလက်ကပ်၊ မက်နဲ စသည့်ကစားသမားကောင်းများပါဝင်ခဲ့သည်။ ထိုကစားသမားများကို မော်ရင်ဟိုက ယူ-၂၁ အသင်းတွင် လေ့ကျင့်ရန် အကြောင်းကြားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် တစ်ပတ်လစာငွေ ပေါင် ၁ သိန်း ၆ သောင်းဖြင့် စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးသူ ဖြစ်သည်။ ယခုသတင်းကြောင့် ရှဝိန်းစတိုင်ဂါကို အခြားအသင်းများက ခေါ်ယူရန် အလိုရှိလိမ့်မည်ဟု မန်ယူအသင်းက မျှော်လင့်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly