ချယ်လ်ဆီးတွင်အကယ်ဒမီကောင်း ရှိသော်လည်း လူငယ်များနေရာမရခြင်းကို ကွန်တီနားမလည်နိုင်

ချယ်လ်ဆီးတွင်အကယ်ဒမီကောင်း ရှိသော်လည်း လူငယ်များနေရာမရခြင်းကို ကွန်တီနားမလည်နိုင်

ဇူလိုင် ၂၈၊ အမေရိကန်။            ။ ချယ်လ်ဆီးအသင်းတွင် အကယ်ဒမီကောင်းရှိသော်လည်း အသင်းကြီးတွင် ကစားသမားအနည်းငယ်သာ အခွင့်အရေးရခြင်းကို နည်းပြကွန်တီက နားမလည်နိုင်ဖြစ်နေပြီး လူငယ်များကိုနေရာပေးသွားမည်ဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းတွင် ၁၉၉၈ မှစတင်ကာ တယ်ရီ တစ်ဦးတည်းသာပုံမှန်နေရာရ အကယ်ဒမီကစားသမားအဖြစ်ထွက်ပေါ်ခဲ့ သည်။

လက်ရှိတွင် လို့တက်ချိခ်နှင့် ဒိုမီနစ် ဆိုလန်ကီတို့သည် အသင်းကြီးတွင်နေရာရလာသည့် နောက်ဆုံးလူငယ်သွေးသစ်များအဖြစ် ထွက်ပေါ်ထားသည်။

ကွန်တီမတိုင်မီ ချယ်လ်ဆီးအသင်းကိုကိုင်တွယ်ခဲ့သော မော်ရင်ဟိုသည် လူငယ်များကိုမွေးထုတ်ရန်ထက် အရန်သင့်အသုံးပြု နိုင်သည့်ကစားသမားများကိုသာ ခေါ်ယူသူအဖြစ် ဝေဖန်ခံခဲ့ရဖူးသည်။

ကွန်တီကမူ မော်ရင်ဟိုနှင့်မတူညီသည့်နည်းလမ်းဖြင့်ချဉ်းကပ်ခဲ့ပြီး လို့တက်ချိခ်ကိုလည်း ရာသီကြိုကာလအတွင်း နေရာပေး ခဲ့သည်။

“ဒါက အရေးပါပါတယ်။ ဘာကြောင့်လည်းဆိုတော့ ချယ်လ်ဆီးအသင်းမှာ အကယ်ဒမီကောင်းကိုပိုင်ဆိုင်ထားတယ်။ ချယ်လ်ဆီး အတွက်အလားအလာကောင်းတဲ့ ကစားသမားတွေလည်းရှိတယ်။

အရင်နှစ်တွေတုန်းက အသင်းကြီးအတွက် ဘာလို့ကစားသမားနည်းနည်းလောက်ပဲ ကစားခွင့်ရခဲ့တာလဲဆိုတာကို နားမလည်နိုင် ဘူး။ အကယ်ဒမီဆိုတာ အသင်းကြီးနည်းပြအတွက်တော့ အရင်းအမြစ်ကောင်းကြီးတစ်ခုပဲ။

လူငယ်ကစားသမားတွေကလည်း အသင်းကြီးမှာ ကစားပြနိုင်စွမ်းရှိဖို့ကလည်း အရေးကြီးတယ်။ ဒါပေမဲ့ လူငယ်တွေကို နေရာပေးရတာ ကျွန်တော်သဘောကျပါတယ်”ဟု ကွန်တီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags