ဂျွန်စတုန်းကိုခေါ်ယူနိုင်ရန် မန်စီးတီးအသင်းဆွေးနွေးနေ

ဂျွန်စတုန်းကိုခေါ်ယူနိုင်ရန် မန်စီးတီးအသင်းဆွေးနွေးနေ

ဇူလိုင် ၂၈၊ မန်ချက်စတာ။               ။ မန်ချက်စတာစီးတီးအသင်းသည် အင်္ဂလန်နောက်ခံလူဂျွန်စတုန်းကို ခေါ်ယူနိုင်ရန်အတွက် အဲဗာတန်အသင်းနှင့် ဆွေးနွေနေသည်။

စာချုပ်အတွက်သဘောတူညီမှုမရသေးသော်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်း၏ဆွေးနွေးမှုမှာ တိုးတက် ကောင်းမွန်ရန်နီးစပ်သည့်အနေအထားတွင် ရှိနေသည်။

အဲဗာတန်အသင်းအနေဖြင့် ယမန်နှစ်ကချယ်လ်ဆီးသို့ရောက်လုနီးပါးဖြစ်ခဲ့သည့် စတုန်း၏ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၅၀ လိုချင်နေသည်။

စတုန်းသည်ယူရို ၂၀၁၆ ပြိုင်ပွဲဝင်အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း အသင်းသားတစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ ၂၀၁၂ မတ်တွင် ဘန်စလေအသင်းနှင့်စတင်ပွဲထွက်ခဲ့ပြီး ၁၀ လအကြာတွင် အဲဗာတန်သို့ ပေါင် ၃ သန်းဖြင့်ပြောင်းရွှေ့ခဲ့သည်။

စီးတီးနည်းပြဂွာဒီယိုလာသည် ယင်းဗဟိုနောက်ခံလူကို ၎င်း၏နည်းစနစ်များနှင့်သင့်တော်သူအဖြစ် သတ်မှတ်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required