မြန်မာနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်ဖက်က နယ်စပ်စည်းရိုး ကာရံမည်

မြန်မာနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်ဖက်က နယ်စပ်စည်းရိုး ကာရံမည်

အိန္ဒိယနိုင်ငံအား နမူနာယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်သမားများ ဝင်ရောက်မှုနှင့် ကုန်မှောင်ခိုကူးမှုများအား တားဆီးနိုင်ရေးအတွက် သံဆူးရိုးစည်းရိုးအား မြန်မာနယ်စပ်တွင် ကာရံရန် ဆုံးဖြတ်ထားသည်။

မြန်မာနယ်စပ်တစ်လျှောက် မိုင် ၂၇၁ မိုင်အား သံဆူးရိုးကာရံသွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စီမံကိန်းချ လုပ်ဆောင်လျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် တွဲဖက်ညွန်ကြားရေးမှူးချုပ် ဟာဘီဘူကာရမ်က ပြောသည်။

“တစ်နှစ်အတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် ၁၇ နေရာမှာ စည်းရိုးကာနိုင်ခဲ့ပါတယ်။ ကျန်နေရာတွေကို ဒီဇင်ဘာမကုန်မီ အပြီးသတ်ကာရံနိုင်မယ်ထင်ပါတယ်။”ဟု ကာရမ်က တပ်မှူးအဆင့်အစည်းအဝေးအပြီး သတင်းထောက်များအား ပြောသည်။

အဆိုပါ အစည်းအဝေးတွင် နယ်စပ်စီမံခန့်ခွဲရေးနှင့် ပတ်သက်သော အထူးသဖြင့် ပူးပေါင်းတာဝန်ယူမှုနှင့် သတင်းဝေမျှမှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly