ဂျနီဖာလိုပက်ဇ်၏ ဂီတပွဲကို ထုတ်လွှင့်ခဲ့သော မော်ရိုကို ရုပ်သံဌာန အရေးယူခံရမည့် ဘေးမှ လွတ်မြောက်

ဂျနီဖာလိုပက်ဇ်၏ ဂီတပွဲကို ထုတ်လွှင့်ခဲ့သော မော်ရိုကို ရုပ်သံဌာန အရေးယူခံရမည့် ဘေးမှ လွတ်မြောက်

ရာဘတ်၊ ဇူလိုင် ၉ မော်ရိုကို ရုပ်သံလွှင့်ဌာန တစ်ခုသည် ဂျနီဖာလိုပက်ဇ်၏ အငြင်းပွားဖွယ်ရာ တေးဂီတ ဖျော်ဖြေပွဲ တစ်ခုကို ထုတ်လွှင့်ခဲ့၍ အရေးယူခံရမလို ဖြစ်နေခဲ့ရာမှ ယခုအခါတွင် အရေးယူ ခံရမည့်ဘေးမှ လွတ်မြောက်သွားပြီ ဖြစ်သည်။

မော်ရိုကို အစိုးရက အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်သော 2M ရုပ်သံလွှင့်ဌာနက ထိုပွဲအား ထုတ်လွှင့်ခဲ့သည့် ကိစ္စအပေါ်မော်ရို ကို ရုပ်သံလွှင့်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ် Abdelilah Benkirane က တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ဂျနီဖာလိုပက်ဇ်၏ ကပြဖျော်ဖြေမှှုသည် ရမ္မက်နိုးကြွစေမည့် ဖျော်ဖြေမှှုဟု အကြောင်းပြ၍ ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဂျနီဖာလိုပက်ဇ်၏ သီဆိုကပြဖျော်ဖြေမှှုနှင့် ပတ်သက်၍ မော်ရိုကို ဝန်ကြီးချုပ်က “မသင့်လျော်” ၊ “တဏှာရာဂ နှှိုးဆွပေးသည်” ၊ “ဂုဏ်သရေ ပျက်စေသည်” စသော စကားလုံးများဖြင့် ဝေဖန်ရှှုတ်ချ ကာ ထိုလုပ်ရပ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဥပဒေ အရ အရေးယူနိုင်ရန် မော်ရိုကို မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မော်ရိုကို မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ထိုကဲ့သို့ စစ်ဆေး အရေးယူရေးမှာ ၎င်းတို့၏ လုပ်ပိုင်ခွင့်ဘောင် ကို ကျော်နေကြောင်း ပြောကြားသည်။ ဂျနီဇာလိုပက်ဇ်သည် မော်ရိုကိုတွင် ယခင်က ဖျော်ဖြေခဲ့ဖူးကာ ပြဿနာ ဖြစ်ပွားခြင်းလည်း မရှိခဲ့ပေ။ သို့ရာတွင် မေလက ထုတ်လွှင့်ခဲ့သော တေးဂီတ ဖျော်ဖြေပွဲမှာမူ မော်ရိုကိုတွင် သူ၏ ပထမဆုံး ရုပ်သံရှိုးပွဲ ဖြစ်သည်။

ဇွန်လ အစောပိုင်းက ဝန်ကြီးချုပ်၏ ပါတီဖြစ်သည့် အစ္စလာမ္မစ် တရားမျှတမှှုနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်များသည် ဂျနီဖာလိုပက်ဇ် ၏ ကပွဲနှင့် ပတ်သက်၍ လွှတ်တော်၏ အပြင်ဘက်တွင် ဆန့်ကျင် ဆန္ဒပြခဲ့ကြသေးသည်။ ဂျနီဖာလိုပက်ဇ်သည် “ရပ်ရွာအေးချမ်း တည်ငြိမ်မှှုကို အနှောင့်အယှက်ပေးကာ အမျိုးသမီး များ၏ ဂုဏ်သိက္ခာကို စွန်းထင်းစေခဲ့ကြောင်း” အကြောင်းပြချက်များဖြင့်၊ အမည်မသိရသော မော်ရိုကို ပညာရေးအဖွဲ့တစ်ဖွဲ့ကလည်း ဂျနီဖာလိုပက်ဇ်ကို တရားစွဲခဲ့ကြောင်း TMZ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required