ဟီဂူအင်းကို ယူရိုသန်း (၉၀) ဖြင့် ခေါ်ယူလိုက်တဲ့ ဂျူဗင်တပ်စ်

ဟီဂူအင်းကို ယူရိုသန်း (၉၀) ဖြင့် ခေါ်ယူလိုက်တဲ့ ဂျူဗင်တပ်စ်
(ဓာတ်ပုံ - အီးပီအေ)

စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်က နာပိုလီနှင့် အာဂျင်တီးနား တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းကို ယူရိုသန်း (၉၀) (ပေါင် ၇၅.၃ သန်း) ဖြင့် ခေါ်ယူ လက်မှတ်ထိုးယူလိုက်ကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဟီဂူအင်းကို ကာလရှည်ကြာ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပြီး ဇူလိုင်လ အစောပိုင်းက ပုဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါတယ်။

အသက် (၂၈) နှစ်အရွယ်ရှိ ဟီဂူအင်းကို ဂျူဗင်တပ်စ်အသင်းက တစ်နှစ်လစာ ယူရို (၇) သန်းဖြင့် (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ပြောင်းရွှေ့ကြေးအတွက် ယူရိုသန်း (၉၀) ကို နှစ်ရစ်ခွဲပြီး ပေးချေသွားမှာဖြစ်ပါတယ်။

ဟီဂူအင်းရဲ့ ပြောင်းရွှေ့ကြေးဟာ စီးရီးအေသမိုင်းမှာ ဈေးအကြီးဆုံးဖြစ်ပြီး ဂါရတ်ဘေးလ် (ပေါင် ၈၆ သန်း)၊ စီရော်နယ်လ်ဒို (ပေါင် သန်း ၈၀) တို့နောက် သမိုင်းတစ်လျှောက် တတိယ အမြင့်မားဆုံး ဖြစ်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းကနေ  နာပိုလီအသင်းကို ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် (၃၄.၅) သန်းနဲ့ ရောက်ရှိလာတဲ့ ဟီဂူအင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ  စီးရီးအေ (၃၅)ပွဲ ကစားပြီး (၃၆) ဂိုးသွင်းခဲ့ပါတယ်။

Ref; Goal, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags