ပေါ့ဂ်ဘာ ပေါင်သန်း ၁၀၀ မတန်ဟု ပေါလ်စခိုးလ်ဝေဖန်

ပေါ့ဂ်ဘာ ပေါင်သန်း ၁၀၀ မတန်ဟု ပေါလ်စခိုးလ်ဝေဖန်

ဇူလိုင် ၂၄၊ မန်ချက်စတာ။              ။ ဂျူဗင်တပ်အသင်းထံမှ ပေါ့ဂ်ဘာကိုမန်ချက်စတာယူနိုက်တက်အသင်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကျော်ဖြင့်ခေါ်ယူပါက စွန့်စားမှုအတွက်ပေးဆပ်ရလိမ့်မည်ဟု ပေါ်လ်စခိုးလ်က ယုံကြည်နေသည်။

၂၀၁၂ တွင် ယူနိုက်တက်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခဲ့သည့် ပေါ့ဂ်ဘာသည် ပေါင် ၁၀၅ သန်းဝန်းကျင်ဖြင့် ပြန်ရောက်လာရန်နီးစပ်နေသည်။

စခိုးလ်သည် ပေါ့ဂ်ဘာ၏ပရိသတ်ဖြစ်သော်လည်း ယင်းဈေးနှုန်းသည် မက်ဆီ၊ စီရော်နယ်ဒိုကဲ့သို့အဆင့်အတန်းမျိုးနှင့်သာ သင့်တော်ပြီး ပေါ့ဂ်ဘာသည် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်နှစ်ဦးလောက်မကောင်းသေးဟု ယူဆနေသည်။

“သူက သိပ်ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူနဲ့လည်း တော်တော်လေးကစားဖူးပါတယ်။ အဲဒီအချိန်တုန်းက စီနီယာ အသင်းနဲ့တစ်ကြိမ်၊ နှစ်ကြိမ်ထက် ပိုမကစားရသေးတဲ့ ကစားသမားအတွက် သူ့အေးဂျင့်က ပိုက်ဆံအများကြီးတောင်းပါတယ်။

သူ့ခြေစွမ်းအရမ်းတိုးတက်လာတာမှန်ပါတယ်။ လက်ရှိအချိန်မှာတော့ ပေါင်သန်း ၁၀၀ မတန်သေးပါဘူး။ အဲဒီလိုဈေးနှုန်းမျိုးဆို ရင် ရော်နယ်ဒို၊ မက်ဆီတို့လို တစ်ရာသီဂိုး ၅၀ လောက်သွင်းနိုင်တဲ့ကစားသမားဖြစ်ဖို့လိုပါတယ်။ ပေါ့ဂ်ဘာက အဲဒီအဆင့် မရောက်သေးပါဘူး”ဟု ပေါလ်စခိုးလ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly