အင်္ဂလန်အသင်း နည်းပြသစ်အဖြစ် အလာဒွိုက်စ်ကို FA က ခန့်အပ်

အင်္ဂလန်အသင်း နည်းပြသစ်အဖြစ် အလာဒွိုက်စ်ကို FA က ခန့်အပ်
(ဓာတ်ပုံ - အီးပီအေ)

အသက် (၆၁) နှစ် အရွယ်ရှိပြီဖြစ်သူ အလာဒွိုက်စ်ဟာ ဆန်းဒါးလန်းအသင်းနဲ့ လျော်ကြေးကိစ္စ သဘောတူညီခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဆမ်အလာဒွိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းအသင်းကို ပရီးမီးယားလိဂ်မှာ တန်းမဆင်းရအောင် စွမ်းဆောင်ခဲ့နိုင်တာကြောင့် အခုလို အင်္ဂလန်အသင်း နည်းပြအဖြစ် ရွေးချယ်ခဲ့ရတာလဲဖြစ်ပါတယ်။

ဆမ်အလာဒွိုက်စ်ကို ခန့်အပ်ဖို့အတွက် ဆန်းဒါးလန်းအသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ကျန် လျော်ကြေးကိစ္စအတွက် ဆွေးနွေးနေခဲ့တာကြောင့် ကြန့်ကြာမှုတွေဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့ အင်္ဂလန်အသင်းနှင့် (၂) နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အလာဒွိုက်စ်ဟာ တစ်နှစ်လုပ်ခ ပေါင်(၃)သန်း ရရှိမှာဖြစ်သလို ရလဒ်ပေါ်မူတည်ပြီး နောက်ထပ် (၂)နှစ် သက်တမ်းတိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ရှုံးထွက် (၁၆) အသင်းအဆင့်မှာ အိုက်စလန်ကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးမှာပဲ ချက်ချင်း နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ ရွိုင်ဟော့ဒ်ဆန်နေရာမှာ အလာဒွိုက်စ်က အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။

အလာဒွိုက်စ်ရဲ့ ပထမဆုံး ကိုင်တွယ်မယ့်ပွဲကတော့ စက်တင်ဘာ (၁) ရက်နေ့ ဝင်ဘာလေကွင်းမှာ ခြေစမ်းပွဲပဲဖြစ်ပါတယ်။

Ref; BBC, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly