ဝန်ကြီးချုပ်လမ်းကြောင်းရှိသည်ဟုဆိုကာ လမ်းကြောင်းပိတ်ခြင်းမပြုရန် ဦးမန်းဂျော်နီပြော

ဝန်ကြီးချုပ်လမ်းကြောင်းရှိသည်ဟုဆိုကာ လမ်းကြောင်းပိတ်ခြင်းမပြုရန် ဦးမန်းဂျော်နီပြော

တိုင်းအစိုးရအဖွဲ့၏ ခရီးစဉ်များတွင် လမ်းကြောင်းပိတ်ခြင်းများ မပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက ဇူလိုင် ၂၂ရက်က မြန်အောင်မြို့တွင် ပြောကြားခဲ့သည်။

"လူကြီးလမ်းကြောင်းဟုဆိုကာ မနက်ကတည်းက လမ်းပိတ်ထားသည်ဟုသိရှိရပါသည်။ လာရောက်မည့်မြို့တိုင်းသို့ လမ်းပိတ်ထားရန် ညွှန်ကြားထားခြင်းမရှိပါ။ ပြည်သူလူထုသွားလာမှု အဆင်ပြေစေရေးအတွက် နောက်နောင်ယခုကဲ့သို့ လမ်းပိတ်ထားခြင်းမျိုး မပြုလုပ်ပါရန်” ဟု ဝန်ကြီးချုပ်ဦးမန်းဂျော်နီက မြန်အောင်မြို့တွေ့ဆုံပွဲတွင် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

"အရင်လိုမဟုတ်ဘူး ပြည်သူတွေအတွက်ပဲ လုပ်ဆောင်နေတာ အရင်က လူကြီးလမ်းကြောင်းဆို လမ်းပိတ်ထားတာတွေ ရပ်စောင့်ရတာတွေရှိတယ်၊ဒီနေ့တော ဝန်ကြီးချုပ်က မလုပ်ဖို့ပြောတာကို ဖတ်ရလို ဝမ်းသာပါတယ်" ဟု ပုသိမ်မြို့နေဦးမိုးကျော်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီမှ လူကြီးလမ်းကြောင်းများတွင် လမ်းပိတိခြင်းများမပြုလုပ်ရန် ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required