ကစားသမားသစ်များကြောင့် ပွဲထွက်ခွင့်အတွက် ဖိအားရှိကြောင်း ရွန်နီဝန်ခံ

ကစားသမားသစ်များကြောင့် ပွဲထွက်ခွင့်အတွက် ဖိအားရှိကြောင်း ရွန်နီဝန်ခံ

ဇူလိုင် ၂၁၊ အင်္ဂလန် ။                 ။ မန်ယူအသင်း၏ အသင်းခေါင်ဆောင် ဝိန်းရွန်နီက အသစ်ရောက်ရှိလာသည့် ကစားသမားများကြောင့် ပွဲထွက်ခွင့်အတွက် ဖိအားရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူနည်းပြသစ် မော်ရင်ဟိုသည် လက်ရှိတွင် နောက်ခံလူ အီရစ်ဘေလီ၊ ကွင်းလယ်တိုက်စစ်ကစားသမား အမ်ခီတာရန်နှင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်တို့ကို ခေါ်ယူထားသည်။

 ‘ကစားသမားသစ်တွေအတွက် မန်ယူမှာ ကစားခွင့်ရဖို့က သူတို့ရဲ့အိပ်မက်ဖြစ်လို့ ခင်ဗျားအနေနဲ့ ရာသီတိုင်းမှာ ကိုယ့်ကိုကိုယ်အကောင်းဆုံးဖြစ်ဖို့ သက်သေပြရမယ်လို့ ခံစားရလိမ့်မယ်။ မန်ယူမှာ ကစားနေသမျှကာလပတ်လုံး ဖိအားခံစားရမယ်လို့ ကျွန်တော် ထင်ပါတယ်။

ဟိုဆေးမော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ရာထူးခန့်အပ်နိုင်မှုပါပဲ။ ဒီအတွက် အားလုံးစိတ်လှုပ်ရှားနေကြပါတယ်။

အသင်းအနေနဲ့ လက်ရှိမှာ ကောင်းမွန်တဲ့ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ရာသီအစမှာ ကောင်းကောင်းစတင်နိုင်ပြီး ရာသီအဆုံးမှာ အောင်မြင်မှုရလိမ့်မယ်လို့   မျှော်လင့်ပါတယ်’ ဟု ရွန်နီက ပြောဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly