ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ ပေါ့ဂ်ဘာကိုခေါ်ဖို့ သဘောတူညီမှုရခဲ့တဲ့ မန်ယူ

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ ပေါ့ဂ်ဘာကိုခေါ်ဖို့ သဘောတူညီမှုရခဲ့တဲ့ မန်ယူ

ဇူလိုင် ၂၁၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမားပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်းနဲ့ သဘောတူညီမှုရသွားပြီလို့ သတင်းတွေထွက်နေပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့အပြောင်းအရွှေ့ကိစ္စအတွက် မန်ယူအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ ပေါ့ဂ်ဘာရဲ့အေးဂျင့် ရိုအိုလာတို့ဟာ တစ်နေ့လုံးတံခါးပိတ်ဆွေးနွေးခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကလပ်ယူနိုက်တက်ဟာ ကနဦးကမ်းလှမ်းတဲ့ပေါင်သန်း ၉၀ ကို ပယ်ချခံရပြီးနောက် ဂျူဗင်တပ်အသင်းက လိုချင်တဲ့ဈေးနှုန်းကိုပေးဖို့ သဘောတူလိုက်တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပေါ့ဂ်ဘာတို့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်း နှစ်သောင်း၊ ငါးနှစ်စာချုပ် အတွက် သဘောတူညီခဲ့ကြတယ်လို့ ဒေးလီးမေးလ်သတင်းစာမှာ   ဖော်ပြထားပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ နံပါတ်တစ်ပစ်မှတ်ပေါ့ဂ်ဘာကို ခေါ်ယူမှုဟာ ဒီတစ်ပတ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင်တော့ ပေါ့ဂ်ဘာရဲ့အေးဂျင့် ရွိုင်အိုလာဟာ ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင်သန်း ၂၀ ရရှိမှာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ပေါ့ဂ်ဘာကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့အသင်းပြောင်းခွင့်ပြုခဲ့ရတဲ့မန်ယူဟာ ပြန်ခေါ်တဲ့အခါမှာတော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးရတော့မှာဖြစ်ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required