အော့စ်ဘတ်နောက်ခံလူ ရက်နာကလာဗန်ကို လီဗာပူးလ်အသင်းခေါ်ယူ

အော့စ်ဘတ်နောက်ခံလူ ရက်နာကလာဗန်ကို လီဗာပူးလ်အသင်းခေါ်ယူ

ဇူလိုင် ၂၁၊ အင်္ဂလန် ။               ။ လီဗာပူးလ်အသင်းသည် အော့စ်ဘတ်အသင်းမှ အက်စ်တိုးနီးယားနောက်ခံကစားသမား ရက်နာကလာဗန်ကို ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့သွားသော စကာတယ်နှင့် အသင်းမှထွက်ခွာသွားသော ကိုလိုတိုရေးတို့၏ နေရာတွင် အစားထိုးရန် ကလာဗန်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကလာဗန်သည် ဟော်လန်ကလပ် အယ်လ်ခမာအသင်းနှင့် ဂျာမန်ကလပ် အော့စ်ဘတ်အသင်းတို့တွင် ၇ နှစ်ကြာကစားခဲ့သူဖြစ်သည်။ အယ်လ်ခမာ၌ မန်ယူနည်းပြဟောင်း လူးဝစ္စဗန်ဟားလ်၏လက်အောင်တွင် ကစားခဲ့ဖူးသူဖြစ်ပြီး ဟောလန်လိဂ်ချန်ပီယံဆုကို ရရှိခဲ့ဖူးသူ ဖြစ်သည်။

အက်စ်တိုးနီးယားလက်ရွေးစင်အသင်းအတွက် ၂၀၀၃ ခုနှစ်ကတည်းက စတင်ကစားပေးခဲ့သူဖြစ်ပြီး ၁၁၂ ပွဲကစားကာ ၃ ဂိုးသွင်းယူပေးထားသည်။

လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ကလာဗန်သည် ၎င်းအလိုရှိသည့် ကစားသမားတစ်ဦးဖြစ်ပြီး စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောသည်။

ကလာဗန်သည် ဆာခို၏ကျောနံပါတ် ၁၇ ကိုဝတ်ဆင်ကစားမည်ဖြစ်ပြီး ဆာဂိုက ကျောနံပါတ် ၃ ကို ပြောင်းလဲဝတ်ဆင်မည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required