ကမ္ဘာ့ပထမဆုံးအဖြစ် ကနေဒါနိုင်ငံ၌ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်တော့မည်

ကမ္ဘာ့ပထမဆုံးအဖြစ် ကနေဒါနိုင်ငံ၌ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်တော့မည်

ဇူလိုင် ၂၀ ။               ။ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံးအဖြစ် လူသားများဖြင့် စမ်းသပ်လုပ်ဆောင်သွားတော့မည်ဟု ကနေဒါ တက္ကသိုလ်တစ်ခုက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။ ပြန့်နှံမှုအားကောင်းနေခဲ့သော အဆိုပါ ဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်ရန်အတွက် လက်ရှိအချိန်တွင် ကမ္ဘာ့တစ်ဝန်းမှ ကျန်းမာရေးအာဏာပိုင်များက အပတ်တကုပ် ကြိုးပမ်းနေရလျက်ရှိသည်။

ထုတ်လုပ်ဆဲအဆင့်ဖြစ်သော ဇီကာကာကွယ်ဆေးကို လာမည့်ရက်ပိုင်းအတွင်း လူသားများကို တိုက်ကျွေးစမ်းသပ်သွားမည်ဟု Quebec မြို့အခြေစိုက် Laval တက္ကသိုလ်က ထုတ်ပြန်သည်။

" ဇီကာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်မှုပိုင်းမှာခုလိုမျိုး စမ်းသပ်လုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်လာတဲ့အတွက် ကျွန်တော်တို့ အရမ်းပဲ ဝမ်းမြောက်မိပါတယ်" ဟု အဆိုပါတက္ကသိုလ်မှ ပါမောက္ခ ဂယ်ရီ ကိုဘင်ဂါက ပြောသည်။

ယခု ကာကွယ်ဆေးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့နှင့် ကနေဒါကျန်းမာရေးဝန်ကြီးဌာနတို့၏အတည်ပြုခွင့်ပြချက် ရထားပြီးဖြစ်ကြောင်း ကိုဘင်ဂါက ဆိုသည်။ လက်ရှိအချိန်ထိ အဆိုပါ ကာကွယ်ဆေးကို ကြွက်များဖြင့်သာ စမ်းသပ်ထားနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်မှုမှာ အမေရိကတွင် အမြန်ဆန်ဆုံး နှုန်းထားဖြင့် ဖြစ်ပွားနေလျက်ရှိပြီး လူပေါင်း လေးသန်းထိ ကူးစက်ခံထားရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required