ဆိုးဆိုးရွားရွားခြေကျိုးခဲ့သော်လည်း ကစားသမားဘဝကို လက်လျှော့မည်မဟုတ်ဟု ဒမ်ဘာဘ ပြော

ဆိုးဆိုးရွားရွားခြေကျိုးခဲ့သော်လည်း ကစားသမားဘဝကို လက်လျှော့မည်မဟုတ်ဟု ဒမ်ဘာဘ ပြော

ဇူလိုင် ၂၀၊ ရှန်ဟိုင်း။                ။ တရုတ်စူပါလိဂ်ပွဲစဉ်တွင် ဆိုးဆိုးရွားရွားခြေကျိုးခဲ့သော်လည်း ကစားသမားဘဝကိုစွန့်လွှတ်မည်မဟုတ်ဟု ရှန်ဟိုင်းရှင်ဟွာ တိုက်စစ်မှူး ဒမ်ဘာဘက ပြောသည်။

တနင်္ဂနွေနေ့က ကစားခဲ့သော ရှန်ဟိုင်းဒါဘီပွဲတွင် ဆီနီဂေါလက်ရွေးစင်ကစားသမားမှာ ပြိုင်ဘက်ကစားသမားနှင့်ဘောလုံး ယှဉ်လုရင်း ဘယ်ဘက်ခြေထောက်ကျိုးသွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာအနေအထားအရ ကစားသမားဘဝအဆုံးသတ်သွားနိုင်သော်လည်း အသက် ၃၁ နှစ်အရွယ် ချယ်လ်ဆီး၊ ဝက်စ်ဟမ်းနှင့် နယူးကာဆယ်ကစားသမားဟောင်းက ကစားသမားဘဝကိုစွန့်လွှတ်ရန် အစီအစဉ်မရှိဟု ပြောသည်။

“အရမ်းဆိုးတဲ့ဒဏ်ရာဖြစ်ပေမယ့် ကျွန်တော်ကျော်ဖြတ်နိုင်မယ်ဆိုတာ သိတယ်။ ကစားသမားဘဝကို စွန့်လွှတ်မှာမဟုတ်ပါဘူး။ အဲဒါသေချာတယ်။

အလုံးစုံခွဲစိတ်တာတော့ မလုပ်ရသေးဘူး။ ကျွန်တော်က သူတို့ကိုစောင့်ပါဦးလို့ ပြေထားလို့ပါ။ ဥရောပကိုသွားပြီးခွဲချင်ပေမယ့် မဖြစ်နိုင်လို့ ဒီကိုမကြာခင်ရောက်လာမယ့် ပြင်သစ်ခွဲစိတ်ကုနဲ့ပဲ ခွဲတော့မယ်။

ဒီလိုဒဏ်ရာမျိုးကနေ ပြန်ကောင်းလာတဲ့ကစားသမားတွေရှိပါတယ်။ ဘင်အာဖာလိုကစားသမားမျိုးပေါ့။ ကျွန်တော့်ကစားသမား ဘဝအစောပိုင်းတုန်းကလည်း ဒီလိုဒဏ်ရာမျိုးရခဲ့ဖူးပြီး အခုတော့ ကုသတဲ့နည်းလမ်းတွေက ပိုကောင်းလာပါပြီ”ဟု ဒမ်ဘာဘက ပြောသည်။

ဒမ်ဘာဘသည် ရှန်ဟိုင်းရှင်ဟွာအသင်းအတွက်ခြေစွမ်းပြနေပြီး ၁၈ ပွဲတွင် ၁၄ ဂိုးသွင်းယူထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required