အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်ကို ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း စာချုပ်သစ် ချုပ်ဆို

အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်ကို ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း စာချုပ်သစ် ချုပ်ဆို

ဇူလိုင် ၂၀၊ အင်္ဂလန် ။             ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းသည် အသင်းခေါင်းဆောင် ဝက်စ်မော်ဂန်ကို သုံးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်။ ၂၀၁၂ ခုနှစ်ကတည်းက လက်စတာအသင်းတွင် ကစားခဲ့သည့် မော်ဂန်သည် စာချုပ်သစ်အရ ၂၀၁၉ ခုနှစ်အထိ အသင်းတွင် ဆက်ရှိနေမည် ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် မော်ဂန်က ‘လက်စတာအသင်းရဲ့ အနာဂတ်မှာ ဆက်လက်ပါဝင်ခွင့်ရလို့ ထူးခြားတဲ့ခံစားမှုကို ခံစားရပါတယ်။ အသင်းဖော်တွေနဲ့အတူ ဒီအသင်းအတွက် ကျွန်တော်ဘယ်လိုခံစားပြီး ကစားသလဲဆိုတာ အားလုံးသိပါတယ်။ လက်စတာအသင်းဂျာစီကို အချိန်အကြာကြီးဝတ်ဆင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်’ ဟု ပြောဆိုခဲ့သည်။

မော်ဂန်သည် ၂၀၁၂ ခုနှစ်က နော်တင်ဟမ်ဖောရက်စ်အသင်းမှ လက်စတာသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁၉၆ ပွဲ ကစားပေးထားပြီး ဖြစ်သည်။ ၂၀၁၃-၁၄ ခုနှစ်က လက်စတာအသင်းကို ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကြီး ရရှိအောင် ဦးဆောင်ကစားပေးခဲ့သူ ဖြစ်သည်။

လက်စတာအသင်းနည်းပြ ရာနီရေရီကတော့ ဝက်စ်မော်ဂန်သည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သလို စစ်သည်တစ်ဦးလည်း ဖြစ်ကြောင်း၊ ၎င်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ချီးကျူး ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required