မင်းသား လီဂျင်ဝုဒ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် တရာစွဲထားသော အမျိုးသမီး က သက်သေအထောက်အထားများ တင်သွင်း

မင်းသား လီဂျင်ဝုဒ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် တရာစွဲထားသော အမျိုးသမီး က သက်သေအထောက်အထားများ တင်သွင်း

ဆိုးလ်၊ ဇူလိုင် ၁၈ ။          ။ တောင်ကိုရီးယား သရုပ်ဆောင်မင်းသား လီဂျင်ဝုဒ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသော အမျိုးသမီးသည် ဆေးရုံမှထုတ်ပေးသော ဒဏ်ရာရရှိမှု အစီရင်ခံစာကို သက်သေအထောက်အထားအဖြစ် ရဲတပ်ဖွဲ့သို့ တင်သွင်းခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က သတင်းမီဒီ ယာတစ်ခုက သတင်းထုတ်ပြန်သည်။

“လီဂျင်ဝုဒ်ကို  ဇူလိုင် ၁၇ရက်က Suseo ရဲစခန်းမှာ မေးမြန်းမှုများ ပြုလုပ်နေချိန်မှာ ကျွန်မတို့ အမျိုးသမီးရဲ့ခန္ဓာကိုယ်၊ ခန္ဓာကိုယ်မှာ ရရှိထားတဲ့ ပွန်းပဲ့ဒဏ်ရာများ ၊ စုတ်ပြတ်သွားတဲ့ အဝတ်အစား တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ အခင်းဖြစ်ပွားရာနေရာမှ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအပါအဝင် သက်သေအထောက်အထားတွေကို ရဲတပ်ဖွဲ့ကို တင်သွင်းခဲ့ပါတယ်” ဟု ယင်းအမျိုးသမီး၏ ကိုယ်စား လှယ်က ပြောကြားသည်။

“လီဟာ သူရဲ့လုပ်ရပ်တွေအတွက် နောင်တရတယ်လို့ ခံစားရပြီး တောင်းပန်ခဲ့မယ်ဆိုရင် ကျွန်မတို့ သက်သေအထောက်အထားတွေကို တင်ဖို့အကြောင်းရှိလာမှာ မဟုတ်ပါဘူး။ လီဂျင်ဝုဒ်ဟာ ဒီအတိုင်းပဲ ဆက်လက်ရပ်တည်သွားမယ်ဆိုရင် ကျွန်မတို့ဘက်က သက်သောအထောက်အထားတွေ ပိုပြီး ထပ်တင်သွားမှာပါ” ဟု အမျိုးသမီး၏ ကိုယ်စားလှယ်က ပြောကြားသည်။

သို့ရာတွင် လီဂျင်ဝုဒ်၏ တုံ့ပြန်မှုသည် အမျိုးသမီးကို သိုက်တူးသမားလို ရည်ရွယ်ပြောကြားနေ ခြင်းကြောင့် ကျွန်မတို့ သက်သောအထောက်အထားတွေ ထပ်မံ တင်ပြသွားဖို့ ဆုံးဖြတ်ခဲခြင်းဖြစ် ကြောင်း အမျိုးသမီး၏ ကိုယ်စားလှယ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required