ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ မိတ်ဆက်

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ မိတ်ဆက်

(က) ၁၉၇၀ - ခုနှစ်တဝိုက်တုန် းကဖြစ်သည်။

ကျနော်တို့ငယ်စဉ်အသက်(၂၀) ဝန်းကျင်အရွယ်စာအုပ် စာတမ်းများ ကိုအရုုးအမူးဖတ်ကာစအချိန်။ ကမ္ဘာ့ခေါင်းဆောင်များ၏ အထုပတ္တိများကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာခဲ့ကြဖူး၏။ အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဖက်ကနိုင်ငံ့အရေးကို ဆောင် ရွက်ရင်း တဖက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုှတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ ဗီယက်နမ်မှ ဟိုချီမင်း၊ တရုတ်ပြည်မှ မော်စီတုံး၊ အိန္ဒိယမှ ပဏ္ဍစ်နေရုုး...စသည်တို့ဖြစ်ကြ၏။

ဟိုချီမင်းနှင့်မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရုုးကမုု စကားပြေများကိုရေး၏။ ထိုစဉ်က ကျနော်တို့တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။

ဗိုလ်ချုုပ်အောင်ဆန်းသည် နိုင်ငံရေးကိစ္စများကို တဖက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အထုပ္ပတ္တိတချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘဝမှာကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့ရဲ့နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။ ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော်တို့ငြိတွယ်ခဲ့ကြ၏။ သို့ သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေးတည်းထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ကြောင့် ကျနော်တို့မှာ ဗိုလ်ချုပ်၏စာပေလက်ရာများ ကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ - ခုနှစ်ထဲတွင်မူ ကျနော်တို့တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခု မှာမမျှော်လင့်ပဲပြည့်ဝလာခဲ့ရ၏။ ယင်းနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ထွက်ရှိ လာသောကြောင့်ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများကို ယ္ခုလိုတလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့်စုဆောင်းကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ဖြစ်၏။ ( တက္ကသိုလ်များသမိုင်းသုတေသနဌါနအ ကြီးတန်းသုတေသနမှူး) “ ဗိုလ်ချုုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်တွင် တက္ကသိုလ်များသမိုင်းသုတေသန ဌါန၊ ညွန်ကြားရေးမှူး ‘ ဒေါ်နီနီမြင့် ’ ကဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ ‘ မြဟန် ’ ကရေး၏။

ဤစာအုပ်တွင် “ ဗိုလ်ချုပ်အောင်ဆန်း၏စာရေးဝါသနာ ” ၊ “ ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာ ” ဆောင်းပါး( ၃ ) ပုဒ်မှာမူ ရေးသူအမည်မပါရှိပဲ ဖေါ်ပြထားသည်ကိုတွေ့ရ၏။ သို့သော်ဤဆောင်းပါး( ၃ )ပုဒ်တွင်ပါရှိသည့် အတွင်းစာသားတချို့အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစု စည်းသူ ဆရာ‘ မြဟန် ’ ကိုယ်တိုင်ပင်ဖြစ်မည်ဟုပင်ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါးများမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ်၊ စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။

( ခ ) “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “ အယူအဆရေးရာကိစ္စများ”ကိုတွေ့ရသည်။

ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ...၊ဘဝလမ်းညွန်အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။ ဥပမာ “ ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသားသည့် Freedom of Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့်၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည်ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့် ကိစ္စမှာ လွတ်လပ်မှုမရှိခြင်းကိုပြဆိုခြင်းမဟုတ်ပဲ၊ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓါတ်တို့ကို ပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ်ဥပမာတ ခုမှာ ...၊ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤ ဆောင်းပါးမှာ ၁၉၃၅ ခုနှစ်ဧပြီလထုတ်၊ ဂန္တလောက မဂဇင်းတွင်ပါဝင်သည့်ဆောင်းပါးဖြစ်၏။ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘဝက ရေးသည့် ဆောင်း ပါးဖြစ်၏။ ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသားဓလေ့ထုံးစံအယူအဆများအပေါ် လူငယ် များမည်ကဲ့သို့ ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့်ဆောင်းပါးဖြစ်သည်။

စိတ်ဝင် စားဖွယ်ကောင်းလှသည့်အချက်မှာ ဤ ဆောင်းပါးတွင် “ဗုဒ္ဓ” ၏“ ကာလာမသုတ္တန်” လာ အယူအ ဆကိုအလေးအနက်ထားတင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ဝိဘဇ္ဖဝါဒ ” ဖြစ်၏။ “ဗုဒ္ဒဝါဒ ” ၏အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြးီမှသာ၊လက်ခံ ကျင့်သုံးသင့်ကြောင်းထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာအ တိုင်းအဆအတိမ်အနက်ကိုခန့်မှန်းလို့ရသည့် နောက်ထပ်ဥပမာရှိပါသေးသည်။ ဥပမာ “ကျောင်းသားဝတ္တရား ” ဆောင်းပါးဖြစ်၏။ ဤ ဆောင်းပါး၏အနှစ်သာရမှာ ( ၂ ) ချက်ရှိ၏။

( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး နောက်ထပ်( ၁ ) ချက်မှာကျောင်းသား များထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ အထမ အချက် ( ၁ )အ ရ၊ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာတွင် “ ပညာစစ် ” ဆိုသည်မှာ ပညာသင်ကြားရေးလွတ် လပ်ခွင့် ( Academic Freedom ) ရှိမှသာစစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက်ထပ်( ၁) အချက်မှာ၊ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင် ရုံမျှနှင့်တာဝန်ကျေပွန်သည်မဟုတ်။ လောကရေး၊ ဓမ္မရေးနှင့်ပြသနာအရပ်ရပ်တို့ကိုစိစစ်ေ၀ ဖန်ေဖြေရှင်း တတ်သောပညာမျိုးကိုရအောင်ဆည်းပးူကြရမည် “ဟူသည့်အလုပ်လမ်းညွှန်အယူ အဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင်” ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက၊ လောက ရေးကိုပါလေ့လာ ပါဝင်ဆင်ခြင်လုပ်ကိုင်ရမည့် ဝတ္တရားရှိသည် ဟူသည့်အယူအဆပင်ဖြစ် သည်။

အမှန်စင်စစ်...ဗိုလ်ချုပ်အောင်ဆန်းသည် “ကျောင်းးသားများ....နိုင်ငံရေးနှင့်မသက် ဆိုင်၊ ပညာရေးသက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့်ဆောင်းပါးဖြစ်၏။ အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “ နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။

ဤဆောင်းပါးတွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ရ၏။ ပထမအချက်မှာ “ နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံးပင်ဖြစ်၏ ” ဟုဗိုလ်ချုပ်ကယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင် တချို့နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ်အထွေးများကြားညပ်နေသည့်အခါ “ နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ကုသိုလ် တပဲ ငရဲတပိဿာအလုပ်ဖြစ်သည် ” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့်် ပင်မတရာကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “ စာပေရေးရာအယူ အဆ ” ဖြစ်၏။

ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့သော်ထိုဆောင်းပါးကို မည်သည့်နေရာဌါနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါး၏ ခေါင်းစဉ် အမည် ကိုလည်း ကောင်းမှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။ ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့် ‘ အိုးဝေမဂဇင်း ’တွင် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြခဲ့ပေးခဲ့သဖြင့်သာလူအများ ဖတ်ကြရခြင်းဖြစ်၏။

ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆမှာ “ မိမိရေးလိုက်သည့်စာပေသည် အမြဲတန်းရှင်သန်နေရမည်၊ အဖျက်သဘောမပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲအရာတစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့လောကတိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေ ရမည်၊ စာဖတ်ပရိသတ် အားလုံးအား တစ်နေ့ထက်တစ်နေ့ တိုးတက်ကြီးပွားစေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။ ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။

(ဂ)“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏် အတွေးအခေါ်အယူအဆပိုင်းအခြေနေကိုကျနော်တို့လေ့လာလို့ရနိုင်၏။ ထ့ိုပြင် ဗိုလ်ချုပ်အောင်ဆန်း၏စာရေးနည်း အတတ်ပညာအခြေနေကိုလည်း လေ့လာ လို့ရနိုင်၏။ တနည်းအားဖြင့်ဆိုလျင်အကြောင်းအရာနှင့်အတတ်ပညာနှစ်ခုစလုံးလေ့လာခွင့်ရနိုင်၏။ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ထဲမှ၊ ဗိုလ်ချုပ်၏အယူအဆရေးရာပိုင်းကို ကျနော် အထက်တွင်တင်ပြခဲ့ပြီးဖြစ်သည်။

ဤ နေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ ( ဝါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ထဲတွင်ပါရှိသည့် “ဗိုလ်ချုပ်အောင်းဆန်း၏ကိုယ်ရေးအထု ပ္ပတ္တိ ” ဆောင်းပါးကိုကျနော်ညွှန်း ရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းကသူ့အထုပ္ပတ္တိကိုသူကိုယ်တိုင်ပြန်းရေးခဲ့သည့် အထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်ရေးအထုပ္ပတ္တိဆောင်းပါးအစမှာ... ဗိုလ်ချုပ်အောင်ဆန်းကသူမွေးဖွာခဲ့ သည့် နတ်မောံမြို့( ဗိုလ်ချုပ်အောင်ဆန်း၏စာလုံးပေါင်းသတ်ပုံအတိုင်းရေးပါသည်) အိမ်ကြီးတအိမ် ၏နောက် ဘေး အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်းကဆန်းသည်။ ပထမဦးစွာနတ်မောံမြို့၏ဖွဲ့စည်း ပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက်ဘူတာ၏ ဝဲယာပတ်လည်မှ မြေပဲခင်းနှမ်းခင်းများဆီ ရောက်၏။ထိုမှတဖန်တောရကမ္မဌါန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း (သို့) နကျားထူးရွာစု၊ ထို့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓါတ်မြန်မာ အထက်တန်းကျောင်း၊ ထို့နောက်ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့အုပ်ရိုး အစရှိသည်တို့ကိုတဆင့်ပြီးတဆင့်ရေးသွားခဲ့၏။ နောက်ဆုံးတွင် ်မြို့ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကို ဆိုက်၏။

ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထိုအိမ်ကြီး၏နောက်ဘေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူများကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့မှဖြတ်ရ၏။ နောက်ဆုံး စာပိုဒ်ဆုံးကာနီးကြမှ အိမ်ကြီးတအိမ်၏နောက်ဘေးအခန်းငယ်ဆီရောက်လာလေ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောံမြို့ကလေးကို မျက်စေ့ထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။

ဤရေးဟန် အဖွဲ့အနွဲ့မှာ သဘာဝပတ်ဝန်းကျင်အနေ အနေ အထားကို ဖေါ်ပြသောရေးနည်းရေးဟန်ဖြစ်၏။ ဤ ကိုယ်တိုင်ရေးအထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့အနွဲ့တချို့ကိုလည်း ထင်းထင်းပြက်ပြက် တွေ့ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာတွင် တခြား ဇာတ်ကောင်တဦးနှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့်ကျင်ဖက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ့ှဖေါ်ပြခြင်းဖြင့်သူ၏စရိုက်ကိုပေါ်လွင်စေခဲ့၏။

ဗိုလ်ချုပ်အောင်ဆန်းက သူ၏ငယ်စဉ်ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။ “ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျွန်တော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျွန်တော်က ကြမ်း၏ ။ သူသည် အစားအသောံ အနေထိုင်မှစ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောံနေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျွန်တော်ကဖုတ်ဘတ်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏ ။ ကျွန်တော်ကား မဝတ်တတ် ။ မြန်မြန်ညစ်အောင် ဝတ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလဲှ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျွန်တော်ကား ထူ၏ အေး၏ ။ ” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ’တွင်ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ရ၏ ။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့်သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါ်က်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်။ ” ဟူသောစာကြောင်းဖြစ်၏ ။

“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေး ကောင်း၊အ ရေးကောင်သူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။

( ဃ ) “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ” စာအုပ်မှာ အကျိုးကျေးဇူူးကြီးမားလှသည်ကို ကျနော် ဝန်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောက်ရွက်ခဲ့ကြ သည့်ပုဂိုလ်များအပေါ်လေးစားမိ သည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဘိုးထား၏။ သို့သော်ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘဝက ကဗျာတပုဒ် ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူအတော်များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ “့အနိုင်မခံ ” ကဗျာဖြစ်၏။ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုုစာပေရေးရာ ကိစ္စတခု သာဖြစ်သည်ဟုကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်းဘာသာပြန်ဆို ရသူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ်သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေ သည်ကိုလည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ် “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ထဲတွင် ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်းဖန်တီးသူမဟုတ်ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ချန်းထားခဲ့သည်လောကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ ” စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆနှင့်စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ထိ နိုင်သည့်အတွက်ကြေနပ်ဂုဏ်ယူရသည်မှာမှန်၏။

သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှ ထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘဝနိဂုံးချုပ်ချင်သည့် စိတ်ဆနပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆနကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ်ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ကြီးမာလေးနက်လှသည့်ဤပုဂ္ဂ လိက စိတ်ဆနုမှာမူ မပြည့်ဝနိုင်ခဲ့ရှာပါ။ ၁၉၄၇ - ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူအသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကို ပင်မြင်တွေ့ခွင့်မရ ခဲ့ရှာပါ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများမှာအရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့်နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင်ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ကို ကြိုးစားဖန်တီးခဲ့ရရှာ သည့် ဗိုလ်ချုပ်အောင်ဆန်းအားကျနော်လေးစားမိသည်။ ထို့အပြင်ဘဝကိုစာရေးသူတဦး၏ဘဝနှင့်သာနိဂုံးချုပ် ဖို့ရန် စိတ်အားထတ်သန်ခဲ့သူ အမျိုးသာခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေနက်မိပေ၏။

၂၇၊ ၇၊ ၂၀၀၉

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required