လင်မယားချင်းရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

လင်မယားချင်းရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

ဟင်္သာတ၊ ဇူလိုင် ၁၇ ။               ။ ဟင်္သာတမြို့ မြဝတီရပ်ကွက် သီရိ ၁လမ်းတွင် ဇူလိုင်လ ၁၇ရက် နေ့လည် ၁၂နာရီ ၄၅မိနစ်အချိန်က လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက မြက်ရမ်းဓားဖြင့် ခုတ်လိုက်သောကြောင့် ဇနီးဖြစ်သူ သေဆုံးသွားသည်။

ယာဉ်နောက်လိုက်တစ်ဦးဖြစ်သော ဝင်းနိုင် (အသက် ၄၉နှစ်) မှ ဇနီးဖြစ်သူ (သေဆုံးသူ) ဒေါ်သက်သက်မာအား စကားများရန်ဖြစ်ရင်း အရိုးအသွား လက်မ၃၀ရှိ မြက်ရမ်းဓားဖြင့် တစ်ချက်တည်း ခုတ်လိုက်သောကြောင့် လည်ပင်း၌ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ကနေဦးသိရသည်။

အဆိုပါ လူသတ်မှုအား အမှတ် ၁ မြို့မရဲစခန်းမှ ပုဒ်မ ၃၀၂/ ၃၀၆ ဖြင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required