ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် တယ်ရီ ဆက်ရှိနေမည်ဟု ကွန်တီ ပြော

ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် တယ်ရီ ဆက်ရှိနေမည်ဟု ကွန်တီ ပြော

ဇူလိုင် ၁၅၊ လန်ဒန် ။                    ။ ချယ်လ်ဆီးအသင်းက နောက်ခံလူ ဂျွန်တယ်ရီကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီးနောက် နည်းပြသစ် ကွန်တီက ချယ်လ်ဆီးအသင်း   ခေါင်းဆောင်အဖြစ်   တယ်ရီဆက်ရှိနေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ကွန်တီ ချယ်လ်ဆီးနည်းပြသစ်မဖြစ်ခင်က တယ်ရီ၏ ချယ်လ်ဆီးကစားသမားဘဝအနာဂတ်မှာ မသေမချာဖြစ်နေခဲ့ပြီး အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ကွန်တီ ချယ်လ်ဆီးသို့ တရားဝင်ရောက်လာပြီးနောက် တယ်ရီကို စာချုပ်သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

နည်းပြ ကွန်တီက ‘ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် တယ်ရီ ဆက်ရှိနေမှာပါ။ သူကစားတဲ့အချိန်မှာဖြစ်ဖြစ် မကစားတဲ့ အချိန်မှာဖြစ်ဖြစ် သူက ချယ်လ်ဆီးရဲ့အသင်းခေါင်းဆောင်ပါပဲ။

သူက တကယ့် ကစားသမားကောင်းပါ။ ပုဂ္ဂိုလ်ရေးအရ ပြည့်စုံကောင်းမွန်တဲ့သူဖြစ်ပြီး သြဇာရှိသူလည်း ဖြစ်ပါတယ်။ သူနဲ့စကားပြောရတာကို ကြိုက်ပါတယ်။ ချယ်လ်ဆီးအကြောင်း ကောင်းကောင်းသိသူပါ။ အသင်းအတွက် ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ သူက ကျွန်တော့်အတွက် အရေးပါတဲ့ ကစားသမားပါ’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags