လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစွဲချက်မှ တရားသေ လွှတ်မြောက်ခဲ့တဲ့ မင်းသား လီမင်ကီ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစွဲချက်မှ တရားသေ လွှတ်မြောက်ခဲ့တဲ့ မင်းသား လီမင်ကီ

ဆိုးလ်၊ ဇူလိုင် ၁၄ ။      ။ တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော်မင်းသား လီမင်ကီသည်  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှု စွဲချက်မှ တရားသေ လွှတ်မြောက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။

လီမင်ကီသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အရှုပ်အရှင်းကိစ္စတွင် ပါဝင်ခဲ့သော်လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လီမင်ကီကို အပြစ်ကင်းကြောင်း ကြေညာခဲ့သည် ဟု ၎င်း၏ အေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

လီမင်ကီသည် ဖေဖော်ဝါရီ ၂၇ရက်က ဘူဆန်ရှိ ကလပ်တစ်ခုသို့ သွားရောက်ခဲ့ပြီး “ A” အမျိုး သမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟူသော ကောလဟာလသတင်းများ အနုပညာလောကတွင် ထွက်ပေါ် ခဲ့သည်။ ဖေဖော်ဝါရီ ၂၉ ရက်တွင် “ A” အမျိုးသမီးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် စွဲချက်တင် ခဲ့သည်။

လီမင်ကီသည် ကလပ်ကို သွားခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်းမ ရှိကြောင်း ၎င်း၏ အေဂျင်စီက ရှင်းပြခဲ့သည်။“ယင်းအမျိုးသမီးက မှားယွင်းစွာ စွဲချက်တင်ခဲ့တာပါ။ သူမက ကျွန်တော်တို့ကို တောင်းပန်ခဲ့ပါတယ်။ အနာဂတ်မှာ ဒီလိုနားလည်မှုလွဲတဲ့ ကိစ္စတွေ ထပ်မဖြစ် ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အေဂျင်စီက ပြောကြားခဲ့သည်။

လီမင်ကီသည်၂၀၁၄ ခုနှစ်မှစ၍ ပြည်သူ့ဝန်ထမ်း အလုပ်သမားတစ်ဦးအဖြစ် စစ်မှုထမ်းတာဝန် ကို ထမ်းဆောင်လျက်ရှိပြီး ယခုနှစ် သြဂုတ်လတွင် တာဝန်ပြီးဆုံးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly