မောင်းသူမဲ့ ယာဉ်မောင်းအကူ စီရီးနာ မီနီဗန်ကို Nissan ပြသ

မောင်းသူမဲ့ ယာဉ်မောင်းအကူ စီရီးနာ မီနီဗန်ကို Nissan ပြသ
(ဓာတ်ပုံ - အီးပီအေ)

ဇူလိုင် ၁၃ ရက်နေ့က ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမှာ ပြုလုပ်တဲ့ ပြပွဲတစ်ခုတွင် Nissan က မော်ဒယ်သစ် စီရီးနာ မီနီဗန်ကားကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒါကတော့ လေဆာစကင်နာများနှင့် (၃၆၀) ဒီဂရီ ကင်မရာ နည်းပညာ အသုံးပြုထားတဲ့ မောင်းသူမဲ့ကား အမျိုးအစားပဲဖြစ်ပါတယ်။

"မောင်းသူမဲ့ ယာဉ်မောင်းအကူ နည်းပညာ အကူအညီကြောင့် သင်ဟာ ပိုပြီး သက်တောင့်သက်သာနှင့် ပိုလုံခြုံပြီး ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်"လို့ Nissan ကားကုမ္ပဏီက ဆိုပါတယ်။

 စီရီးနာ မီနီဗန်ကို ကြမ်းခင်းဈေး ယန်း (၃) သန်းအောက် (ဒေါ်လာ ၂၈,၇၆၅) ဖြင့် သြဂုတ်လကုန်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။

Nissan ရဲ့ ဈေးကွက်ဗျူဟာ အဆင့် (၃) ဆင့်အရ ၂၀၁၈ ခုနှစ်မှာ အဝေးပြေးလမ်းမကြီးများမှာ မောင်းနှင်နိုင်တဲ့ မောင်းသူမဲ့ကားနှင့် ၂၀၂၀ ခုနှစ်မှာ မြို့တွင်း လမ်းဆုံလမ်းကျဉ်းတွေမှာ မောင်းနှင်လို့ရတဲ့ ပိုပြည့်စုံတဲ့ မြို့ပြမော်ဒယ် မောင်းသူမဲ့ကားတွေကို Nissan က ထုတ်လုပ်သွားဖို့ရှိပါတယ်။

Ref; EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly