မူဆာကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လက်စတာ ခေါ်ယူ

မူဆာကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လက်စတာ ခေါ်ယူ

လက်စတာ၊ ဇူလိုင် ၉ ။            ။ လက်စတာအသင်းသည် စီအက်စ်ကေအေ မော်စကိုအသင်းမှ နိုက်ဂျီးရီးယားလက်ရွေးစင် အာမက် မူဆာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်း၊ လေးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မူဆာသည် စီအက်စ်ကေအေမော်စကိုအသင်းနှင့်အတူ ရုရှအမှတ်ပေးဖလားရပြီးနောက် လက်စတာသို့ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

ယင်းတိုက်စစ်မှူးကို ဆောက်သမ်တန်၊ အဲဗာတန်နှင့် ဝက်စ်ဟမ်းအသင်းများကလည်း စိတ်ဝင်စားခဲ့ကြသေးသည်။ မူဆာသည် ဂိုးသမား ရောဘတ်ဇီလာ၊ နောက်ခံလူ လူးဝစ်ဟာနန်ဒက်ဇ်နှင့် ကွင်းလယ်လူ မန်ဒီတို့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ အတွင်း စတုတ္ထမြောက်ရောက်ရှိလာသည့် ကစားသမားလည်းဖြစ်သည်။

မူဆာသည် ၂၀၁၂ တွင် စီအက်စ်ကေအေမော်စကိုအသင်းသို့ရောက်ခဲ့ပြီး ၁၆၈ ပွဲကစား ၅၄ ဂိုးသွင်းနိုင်ခဲ့သည်။ နိုက်ဂျီးရီးယား အသင်းအတွက်လည်း ၂၀၁၀ တွင် စတင်ပွဲထွက်ခဲ့ပြီး ၅၈ ပွဲကစား ၁၁ ဂိုးသွင်းထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required