Drake ၏ One Dance သီချင်းက ၁၃ပတ် ဆက်တိုက်အဖြစ် နံပါတ်တစ်နေရာကို ဆက်လက်ရယူထား

Drake ၏ One Dance သီချင်းက ၁၃ပတ် ဆက်တိုက်အဖြစ် နံပါတ်တစ်နေရာကို ဆက်လက်ရယူထား

ဇူလိုင် ၉ ။         ။ ကနေဒါ ဂီတကြယ်ပွင့် Drake ၏ One Dance သီချင်းမှာ လူကြိုက်အများဆုံး သီချင်းများ စာရင်းတွင် ၁၃ ပတ် ဆက်တိုက်အဖြစ် နံပါတ်တစ် နေရာကို ရယူထားလျက် ရှိသည်။

Wet Wet Wet ဂီတအဖွဲ့၏ သီချင်း Love Is All Around ထွက်ရှိခဲ့သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် လူကြိုက်အများဆုံး သီချင်းများစာရင်း၌ One Dance သီချင်းက နံပါတ်တစ် နေရာကို ကာလအရှည်ကြာဆုံး ရယူထားနိုင်ခဲ့ခြင်း ဖြစ်သည်။

Drake ၏ R&B သီချင်းမှာ ထွက်ရှိသည့် ဧပြီလ ကတည်းကစ၍ လူကြိုက်အများဆုံး သီချင်း များ စာရင်းတွင် လွှမ်းမိုးထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါ အဆိုတော် Drake မှာ အသက် ၂၉ နှစ် ရှိပြီဖြစ်ကာ၊ ၂၀၀၁ ခုနှစ်တွင် ဂီတလောက သို့ စတင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required