ရခိုင်ရေဘေးတွင် နေရပ်ပြောင်းရွှေ့ပြည်သူပေါင်း ၁၂၀၀၀ ကျော်ရှိ

ရခိုင်ရေဘေးတွင် နေရပ်ပြောင်းရွှေ့ပြည်သူပေါင်း ၁၂၀၀၀ ကျော်ရှိ

ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုများကြောင့် ကျေးရွာပေါင်း ၄၁ ရွာ နေရပ်ပြောင်းရွှေ့ရပြီး ဘေးလွတ်ရာရွှေ့ပြောင်းသည့် ပြည်သူဦးရေက ၁၂၀၀၀ ကျော်ရှိကြောင်း အာဏာပိုင်များက ဇူလိုင် ၈ ရက်တွင် ပြောသည်။

လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့များ၏ စာရင်းများအရ စာသင်ကျောင်းပေါင်း ၄၀၀ နီးပါး ပိတ်ထားရကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးမှူးရေးမှ အရာရှိတစ်ဦးဖြစ်သူ ဦးတင်မောင်ဆွေက ရခိုင်မြောက်ပိုင်းဒေသများတွင် ဇူလိုင်လအတွင်း နှစ်စဉ် မိုးသည်းထန်၍ ရေကြီးမှုများ ကြုံရကြောင်း ပြောသည်။

ရွှေ့ပြောင်းပြည်သူများက ဘုန်းကြီးကျောင်းများ၊ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့များက အစားအစာ၊ ရေနှင့် စောင်များ ပေးဝေလျက်ရှိကြောင်း ၎င်းက ပြောသည်။

ရေဘေးသင့် နေရပ်ပြောင်းရွှေ့ရသူများမှာ မင်းပြားမြို့နယ်တွင် ၆၁၀၀ ဦး၊ ကျောက်တော်တွင် ၂၈၀၀၊ မြောက်ဦးတွင် ၂၅၀၀နှင့် အမ်းတွင် ၂၉၀၀ ဦးဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်အရ သိရသော်လည်း ရေကြီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို အစိုးရက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly