မတ္တရာရှိ မူလမြေပိုင်ရှင် တောင်သူ ၂၃ ဦးထံ မြေယာလုပ်ပိုင်ခွင့်လက်မှတ် ဒုသမ္မတ ၂ ကိုယ်တိုင် လွှဲပြောင်းပေးအပ်

မတ္တရာရှိ မူလမြေပိုင်ရှင် တောင်သူ ၂၃ ဦးထံ မြေယာလုပ်ပိုင်ခွင့်လက်မှတ် ဒုသမ္မတ ၂ ကိုယ်တိုင် လွှဲပြောင်းပေးအပ်
ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ
 

မန္တလေး၊ ဇူလိုင် ၉ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ အနာကြီးရောဂါကုဆေးရုံမှ ပြန်လည် စွန့်လွှတ်သည့် မြေယာများကို မူလတောင်သူများထံ နိုင်ငံတော် ဒုတိယသမ္မတ(၂) ကိုယ်တိုင် တက်ရောက်၍ ပြန်လည် လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်စွန့်လွှတ်သည့် မြေယာဧက (၂၀၈.၃၅ဧက)အား မူလတောင်သူ ၃၂ဦးထံသို့ ယာယီလုပ်ပိုင်ခွင့် လက် မှတ်(ပုံစံ-၃) ပြည်လည်လွှဲပြောင်းပေးသည့် အခမ်းအနားကို မတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဘုရင့်နောင်ခန်းမတွင် ဇူ လိုင် ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"မူလတောင်သူလက်ထဲကို လက်ရောက်ပေးအပ်နိုင်အောင် စီစဉ်ဆောင် ရွက် ပေးတဲ့ ဌာနဆိုင်ရာအားလုံးကို ကျေးဇူး တင်ပါတယ်။ လယ်ယာမြေလက်ဝယ်ရရှိတဲ့တောင်သူများအနေဖြင့် နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနေမှုတွေကို သိမြင်နားလည်ပြီး အရင်ကထက်ပိုမိုပြီး ကြိုးစားလုပ်ကိုင်ပေးကြဖို့ မိမိတို့ တစ် ကိုယ်ရည် တစ်မိသာစုဝမ်းစာ   ဖူလုံရေး သာမဟုတ်ဘဲ   နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ကုန်ထုတ် လယ်ယာမြေတွေဖြစ်အောင် တိုက် တွန်း ပြောကြားချင်ပါတယ် "ဟု ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူက  တက်ရောက်လာသောတောင်သူများကို ပြော သည်။

ပုံစံ(၃)လက်ဝယ်ရရှိသူ တောင်သူတစ်ဦးကလည်း "မိဘလက်ငုတ်လက်ရင်း ပိုင်ဆိုင်ခဲ့တဲ့မြေလည်း ပြန်ရတာဝမ်း သာ ပါတယ်" ဟု ပြောသည်။

၁၉၉၈ခုနှစ်တွင် ကျန်းမာရေးဦးဌာနက အနာကြီးရာဂါကု ဆေးရုံတည်ဆောက်ရန်အတွက် မြေယာ ၁၃၂၉ ဧက ကို သိမ်း ဆည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ၂၀၈.၃၅ဧက ကိုပြန်လည်စွန့်လွှတ်ခြင်းဖြစ်ပြီး   နောက်ထပ် ဧက ၈၀၀ ကျော် ပြန်လည် စွန့် လွှတ်ရန် စီစစ်လျှက်ရှိကြောင်း သိရသည်။

"အခုပေးတာတွေက အရှုပ်အရှင်းလုံးဝကင်းတာတွေပါ။ နောက်ထပ်ပေးဖို့ ဧက ၈၀၀ ကျော်ကျန်ပါသေးတယ်။ ပြန်လည် စီစစ်ပြီးတာနဲ့ မူလတောင်သူလက်ထဲပြန်ပေးမှာပါ " ဟု မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ ဦး စီးမှူး ဦးဇော်ဝင်းအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required