ကာဆီးလက်စ် ပေါ်တိုသို့ပြောင်းရန် သဘောတူညီခဲ့ပြီဟု မာကာသတင်းစာ ဖော်ပြ

ကာဆီးလက်စ် ပေါ်တိုသို့ပြောင်းရန် သဘောတူညီခဲ့ပြီဟု မာကာသတင်းစာ ဖော်ပြ

မက်ဒရစ်၊ ဇူလိုင် ၉။ ။ စပိန်နာမည်ကြီးသတင်းစာ မာကာက ရီးယဲလ်ဂိုးသမား ကာဆီးလက်စ်သည် ပေါ်တိုအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီဟု ဖော်ပြခဲ့သည်။

ထိုအပြောင်းအရွှေ့သတင်းကို လာမည့် နာရီပိုင်းအတွင်း ကြေညာမည်ဖြစ်ပြီး သောကြာနေ့တွင် ကာဆီးလက်စ်က ဘာနေဗျူးကွင်း၌ နှုတ်ဆက်ပွဲကျင်းပမည်ဟု မာကာက ဆိုသည်။
ရီးယဲလ်၊ ပေါ်တိုနှင့် ကာဆီးလက်စ်တို့ သုံးဖက်စလုံးက ရီးယဲလ်အသင်းသြစတြေးလျသို့ ရာသီကြို ခြေစမ်းပွဲသွားရောက်မည့် ဇူလိုင်လ ၁၂ ရက်မတိုင်မီ အပြောင်းအရွှေ့ကို အဆုံးသတ်ရန် စိတ်အားထက်သန်နေကြသည်။

ကာဆီးလက်စ်က ၎င်း၏အေးဂျင့်သည် ထိုကိစ္စဖြစ်မြောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုထားပြီး နည်းပြလိုပီတီဂူ၏လက်အောက်တွင် ကစားရမည်ကို စိတ်လှုပ်ရှားလျက်ရှိနေသည်။

ထိုအပြောင်းအရွှေ့သတင်းမှာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက ပေါ်တူဂီတွင် သတင်းများထွက်ပေါ်နေခဲ့ခြင်း ဖြစ်ပြီး ကာဆီးလက်စ်ဘက်မှ အတည်ပြုပြီးနောက်တွင် ပိုမို ကျယ်ပြန့်လာခြင်း ဖြစ်သည်။ ထို့နောက်တွင် သတင်းစာ၊ ဝက်ဘ်ဆိုက်၊ ရေဒီယိုနှင့် ရုပ်သံသတင်းများက ထိုသတင်းကို ဖော်ပြခဲ့ကြသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly