၅၄ နှစ်မြောက် ဇူလိုင် ရ ရက် အောက်မေ့ဖွယ်အခမ်းအနား မန္တလေး ရတနာပုံတက္ကသိုလ်အတွင်းကျင်းပ

၅၄ နှစ်မြောက် ဇူလိုင် ရ ရက် အောက်မေ့ဖွယ်အခမ်းအနား မန္တလေး ရတနာပုံတက္ကသိုလ်အတွင်းကျင်းပ
ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ
 

မန္တလေး၊ ဇူလိုင် ၇ ။           ။ (၅၄)နှစ်မြောက် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ်အခမ်းအနားနှင့် စာပေဟောပြောပွဲ ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက မန္တလေးရတနာပုံ တက္ကသိုလ် အတွင်းရှိ ပြည်ထောင်စုခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

၎င်းအခမ်းအနားကို ရတနာပုံကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ကာ တရားဝင် ပထမ ဆုံးပြုလုပ်ခြင်းဖြစ်ပြီး စာရေးဆရာ မောင်မှိုင်းလွင်(အင်းဝ)နှင့် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)တို့က တက်ရောက် ဟောပြောခဲ့ပါတယ်။

အခမ်းအနားတက်ရောက်သူ ဦးသုတ (ကထိက အင်္ဂလိပ်စာဌာန ရတနာပုံ တက္ကသိုလ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်)က “အာဏာရှင် အစိုးရလက်ထက်တွေမှာတော့ဒီပွဲက မကျင်းပနိုင်ခဲ့ဘူး ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏရပြီးနောက်မှာ ပထမဆုံးကျင်းပတဲ့ပွဲဖြစ်ပါတယ်။

ဒီလိုပွဲမျိုး ပွဲဖြစ်တာအင်မတန်ကောင်းပါတယ် ကျောင်းသာတွေအနေနဲ့စည်းနဲ့ကမ်းနဲ့လုပ်တတ်သွားတယ် လုပ်တဲ့ကျောင်းသားတွေက အဖွဲ့အစည်းတစ်ခုကို သူတို့ဘယ်လို ဦးစီးဦးဆောင်ပြုမလဲ ဆိုတာကိုသိမယ်၊ ဒီလိုစာပေဟောပြောပွဲလုပ်တဲ့အတွက် ရသစာပေရဲ့အခြေအနေနဲ့လက်ရှိ (7) ဂျူလိုင် ရဲ့သမိုင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းတွေကို သိကြရတဲ့အတွက် အင်မတန် အလားအလာကောင်းတဲ့ ပွဲမျိုးတွေဖြစ်ပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required