နယူးကာဆယ်ကစားသမားဟောင်း ဘင်အာဖာကို ပီအက်စ်ဂျီအသင်းခေါ်ယူ

နယူးကာဆယ်ကစားသမားဟောင်း ဘင်အာဖာကို ပီအက်စ်ဂျီအသင်းခေါ်ယူ

ဇူလိုင် ၂၊ ပဲရစ်။             ။ ပြင်သစ်ချန်ပီယံပီအက်စ်ဂျီအသင်းသည် နယူးကာဆယ်ကစားသမားဟောင်း ဘင်အာဖာကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဘင်အာဖာသည် ပြီးခဲ့သည့်ရာသီက ဟားလ်စီးတီးအသင်းတွင် အငှားဖြင့်ကစားပြီး ရာသီကုန်တွင် နယူးကာဆယ်အသင်းနှင့် စာချုပ်ပြည့်သွားခဲ့သူဖြစ်သည်။

ကွင်းလယ်ကစားကွက်ဖော်ဆောင်သည့် ကစားသမားကောင်းတစ်ဦးဖြစ်၍ ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုက်ခြင်းဖြစ်သည်။ အသက် ၂၉ နှစ်ရှိ ဘင်အာဖာသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၅ ပွဲကစားထားပြီး ခြေစွမ်းကောင်းကို တည်ငြိမ် အောင်ထိန်းနိုင်ခြင်းမရှိ၍ ရုန်းကန်နေရသည်။

လီဗာပူးလ်နှင့် လက်စတာတို့ကလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ရန် စိတ်ဝင်စားခဲ့သော်လည်း ကစားသမားကိုယ်တိုင်က အမိမြေမှ ကလပ်အသင်းကိုသာ ရွေးချယ်ခဲ့သည်။

ပြင်သစ်ဘောလုံးလောကကို နှစ်အတော်ကြာလွှမ်းမိုးထားသည့် ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ်ဖလားငါးနှစ်ဆက်တိုက် ရရန် ပြင်ဆင်မှုများပြုလုပ်နေသည်။

သို့သော် ဥရောပအောင်မြင်မှုရရန်ရည်မှန်းချက်မှာမူ တိုက်စစ်မှူးအီဘရာဟီမိုဗစ်အသင်းပြောင်းသွား၍ အနည်းနှင့်အများ ထိခိုက် ခဲ့ရသည်။

လက်ရှိတွင်နည်းပြ ဘလန့်၏နေရာ၌ ဆီဗီလာနှင့်အတူ ယူရိုပါလိဂ်ဖလားဆက်တိုက်ရယူထားသော အမ်မရီကို အစားထိုးခန့်အပ် ထားသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly