စပိန်နည်းပြရာထူးမှ ဒဲလ်ဘော့စကေး နုတ်ထွက်

စပိန်နည်းပြရာထူးမှ ဒဲလ်ဘော့စကေး နုတ်ထွက်

ဇူလိုင် ၁၊ စပိန် ။          ။ အီတလီအသင်းကို ရှုံးနိမ့်ပြီး ယူရိုပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် သုံးရက်အကြာတွင် စပိန်နည်းပြ ဒဲလ်ဘော့စကေးမှာ ရာထူးမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

ဒဲလ်ဘော့စကေးသည် သူ၏ လက်ထက်တွင် စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားရယူပေးခဲ့သလို ယူရို ၂၀၁၂ ဖလားကိုလည်း ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ယခု ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အီတလီအသင်းကို ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်၌ ရှုံးနိမ့်ခဲ့ရပြီးနောက် ရှစ်နှစ်ကြာနည်းပြခဲ့သော စပိန်အသင်းမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

‘စပိန်အသင်းကို ဆက်လက်နည်းပြသွားဖို့ ရည်မှန်းချက်မရှိပါဘူး။ ဒီဆုံးဖြတ်ချက်က အစောကြီးကတည်းက ချမှတ်ထားတာပါ။ ယူရိုပြိုင်ပွဲမှာ ဘယ်လိုရလဒ်မျိုးပဲ ဖြစ်ခဲ့ပါစေ ကျွန်တော့်အနာဂတ်က ဒီအတိုင်းပဲဆိုတာ သံသယရှိစရာ မလိုပါဘူး။

ကျွန်တော်စပိန်နည်းပြမဟုတ်တော့ပေမယ့် စပိန်ဘောလုံးလောကနဲ့ နီးနီးကပ်ကပ်ရှိနေဦးမှာပါ။ ကျွန်တော်ကူညီပေးနိုင်တာမှန်သမျှကို ကူညီပေးသွားမှာပါ’ ဟု အသက် ၆၅ နှစ်အရွယ်ရှိ ဒဲလ်ဘော့စကေးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly