အင်္ဂလန်နည်းပြသစ်မှာ ပြည်ပသားဖြစ်သင့်ဟု ရွန်နီပြော

အင်္ဂလန်နည်းပြသစ်မှာ ပြည်ပသားဖြစ်သင့်ဟု ရွန်နီပြော

ဇွန် ၂၉၊ လန်ဒန်။           ။ အင်္ဂလန်အသင်းခေါင်းဆောင် ဝိန်းရွန်နီက နည်းပြသစ်ဖြစ်လာမည့်သူမှာ ပြည်ပသားတစ်ဦးသာဖြစ်သင့်ပြီး အင်္ဂလိပ်လူမျိုး ဆိုပါကလည်း သင့်တော်သူဖြစ်ရန်လိုကြောင်း   ပြောသည်။

အိုက်စလန်ကိုရှုံးခဲ့သည့် ယူရို ၂၀၁၆ ရှုံးထွက်အဆင့်ပွဲပြီးနောက် အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး လက်ရှိအင်္ဂလန်ယူ-၂၁ နည်းပြ ဆောက်ဂိတ်မှာ နည်းပြဖြစ်လာရန်   ရေပန်းစားနေသည်။

အင်္ဂလိပ်လူမျိုးဖြစ်ပါကသင့်တော်မည်ဖြစ်သော်လည်း နည်းပြသစ်အတွက် နိုင်ငံသားက အရေးမပါကြောင်း ရွန်နီက ဆိုသည်။

“အင်္ဂလိပ်လူမျိုးဖြစ်ရင်တော့ပိုကောင်းတာပေါ့။ ဒါပေမဲ့ သင့်တော်တဲ့သူဖြစ်ဖို့တော့လိုပါတယ်။ ဒီအလုပ်ကိုလုပ်နိုင်မယ့် စွမ်းရည် ရှိသူဖြစ်ဖို့ လိုပါတယ်။

အင်္ဂလိပ်လူမျိုးဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဘယ်သူပဲဖြစ်ဖြစ် အသင်းကို ကိုင်တွယ်နိုင်စွမ်းရှိဖို့ လိုပါ တယ်”ဟု ရွန်နီက ပြောသည်။

နည်းပြသစ်မည်သူဖြစ်လာမည်ဆိုသည်ကိုလည်း အင်္ဂလန်အသင်းသားများ စိတ်လှုပ်ရှားနေကြသည်ဟု ရွန်နီက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly