လူကုန်ကူးမှုအဆင့်တွင် အမေရိကန်က ထိုင်းကို အဆင့်တိုးမြှင့်ပေး

လူကုန်ကူးမှုအဆင့်တွင် အမေရိကန်က ထိုင်းကို အဆင့်တိုးမြှင့်ပေး

ဘန်ကောက်၊ ဇွန် ၂၉ ။             ။ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံအား လူကုန်ကူးမှုတွင် အဆိုးဆုံးအဆင့်မှ ဖယ်ရှားပေးရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောပြီး ယင်းလုပ်ဆောင်မှုသည် ထိုင်းက စစ်တပ်လွှမ်းမိုးသည့် အစိုးရနှင့် ချောမွေ့သည့် ဆက်ဆံရေးကို အားဖြည့်ပေးနိုင်မည်ဖြစ်သည်။

ဝါရှင်တန်က အမေရိကန်က အရာရှိတစ်ဦးနှင့် ဘန်ကောက်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်မှ တာဝန်ရှိသူတစ်ဦးတို့က ရိုက်တာသို့ အတည်ပြုပြောကြားသည့် ယင်းဆုံးဖြတ်ချက်ကြောင့် အမေရိကန်-ထိုင်း ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ်အတွင်း စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ချိန်မှစကာ နှစ်နိုင်ငံကြား ဆက်ဆံရေးအေးနေခဲ့ခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်မြေအပိုင်ပြုမှုများကြောင့် စိုးရိမ်နေသည့် အရှေ့တောင်အာရှနိုင်ငံများကြား စုစည်းအားယူရန် သမ္မတအိုဘားမား၏ မဟာဗျူဟာအခင်းအကျင်းတွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇွန် ၃၀ ရက်တွင ထုတ်ပြန်ရန်ရှိသော နှစ်ပတ်လည်လူကုန်ကူးမှုအစီရင်ခံစာတွင် ထိုင်းနိုင်ငံအား အနိမ့်ဆုံးအဆင့်မှ ဖယ်ရှားရန် လူသိရှင်ကြား ကန့်ကွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required