အနုပညာရှင်တွေကို ၀တ်လစ်စားလစ်အဖြစ် ထည့်သွင်း သရုပ်ဖော်ထားတဲ့ ကာနေးဝပ်စ်ရဲ့ “Famous” တေးဂီတဗီဒီယို

အနုပညာရှင်တွေကို ၀တ်လစ်စားလစ်အဖြစ် ထည့်သွင်း သရုပ်ဖော်ထားတဲ့ ကာနေးဝပ်စ်ရဲ့ “Famous” တေးဂီတဗီဒီယို

နယူးယော့ခ် ၊ ဇွန် ၂၈ ။       ။ ရက်ပါအဆိုတော် ကားနေးဝပ်စ်သည် ပေါ့ပ်သီချင်းအဆိုတော် တေလာဆွစ်ဖ်၊ ရစ်ပါဘလင် ကန် သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံသော ဒေါ်နယ်ထရန့်နှင့် ဟာသသရုပ်ဆောင် ဘေလ်ကော့စ်ဘီတို့ အပါအဝင် နာမည်ကျော် အနုပညာရှင်များကို ဝတ်လစ်စားလစ်ဖြင့် ထည့်သွင်း သရုပ်ဖော်ထားသည့် မကြာသေးမီက ထွက်ရှိထားသော ၎င်း၏ တေးဂီတဗီဒီယို “Famous” ဖြင့် အားရပါးရ အတင်းပြောရန် စပေးထားသည်။

“Famous” တေးဂီတဗီဒီယိုတွင် ကာနေးဝပ်စ်သည် အလယ်တွင် ရှိနေပြီး ၎င်း၏ ဘေးတွင် အနုပညာရှင် ၁၂ ဦး အိပ်နေသည့်ပုံကို ဝေေ၀ဝါးဝါးဖြင့် သရုပ်ဖော်ထားပြီး ကာနေးဝပ်စ်သည် တေလာဆွစ်ဖ်နှင့် ဇနီးဖြစ်သူ ကင်ကာဒစ်ရှန်တို့ နှစ်ဦးကြားတွင် ရှိနေသည်ကို တွေ့ရသည်။

အဆိုပါ တေးဂီတဗီဒီယိုဖိုင်တွင် အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်၊ Vogue အယ်ဒီတာ အန်နာဝင်တာ၊ ရက်ပါခရစ္စဘရောင်း၊ R&B အဆိုတော် ရေဂျေ ၊ Caitlyn Jenner ၊ မော်ဒယ်အမ်ဘာရို့စ်နှင့် အဆိုတော် ရီဟားနားတို့လည်း ပါဝင်သည်။

ဝပ်စ်၊ ကာဒစ်ရှန် ၊ Jenner၊ ထရပ်၊ ကော့စ်ဘီတို့၏ ကိုယ်စားလှယ်များသည် ဗီဒီယိုနှင့်စပ် လျဉ်း၍ ထင်မြင်ချက်ပြောကြားပေးရန် ငြင်းပယ်ခဲ့ကြသည်။ အခြားသော အနုပညာရှင်များ၏ ကိုယ်စားလှယ်များသည်လည်း ထင်မြင်ချက်ပြောကြားပေးရန် မေတ္တာရပ်ခံချက်ကို အကြောင်းပြန်ခြင်း မရှိသေးပေ။

“Famous” တေးဂီတဗီဒီယိုသည် တေလာဆွစ်ဖ်နှင့် ဝပ်စ်၏ အတိတ် အရှုပ်အထွေးကြောင့် သီတင်းပတ်ကုန်က အွန်လိုင်းတွင် ထိပ်တန်းတေးသီချင်း ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly