ဒလိုင်းလားမားနှင့် တွေ့ဆုံမှုကြောင့် တရုတ်အစိုးရက လေဒီဂါဂါကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့

ဒလိုင်းလားမားနှင့် တွေ့ဆုံမှုကြောင့် တရုတ်အစိုးရက လေဒီဂါဂါကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့

နယူးယော့ခ်၊ ဇူလိုင် ၂၈ ။      ။ အမေရိကန်ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည် ယောဂကျင့်စဉ်ကို ဆွေးနွေးရန် တိဘက်ဘုန်း တော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်အစိုးရသည် လေဒီဂါဂါကို တရုတ် ကွန်မြူ နစ်ပါတီက တားမြစ်ထားသည့် ရန်လိုသော ပြည်ပအင်အားစုများ စာရင်းအတွင်းသို့ ထည့်ခဲ့သည်။

လေဒီဂါဂါသည် အင်ဒီအာနာပိုလစ်မြို့တွင် ဆွေးနွေးပွဲမတိုင်မီ ဇွန် ၂၆ ရက်က တိဘက်ဘုန်း တော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ လေဒီဂါဂါသည် တရားထိုင်ခြင်းနှင့် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကဲ့သို့သော ကိစ္စရပ်များအကြောင်းကို ဆွေးနွေးထားသော ၁၉ မိနစ်စာ ဗီဒီယို ဖိုင်ကို ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် တင်ခဲ့သည်။

ဒလိုင်းလားမားနှင့် လေဒီဂါဂါ တွေ့ဆုံပြီးနောက် ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ဌာနက တရုတ် ပြည်မကြီးတွင် လေဒီဂါဂါ၏ ဖျော်ဖြေတင်ဆက်မှုအားလုံးကို ပိတ်ပင်သွားရန် အရေးပေါ် ညွန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဇွန် ၂၇ ရက်ထုတ် ဟောင်ကောင်၏ ဒီမိုကရေစီ လိုလားသော သတင်းစာ  Apple Daily တွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ ဒေါသထွက်မှုတစ်ရပ်အဖြစ် လေဒီဂါဂါ၏ တေးသီချင်းများ ဖြန့်ချိပေးခြင်းကို ရပ်နားရန် တရုတ်ဝက်ဆိုက်ဘ်နှင့် မီဒီယာအဖွဲ့အစည်းများကို အမိန့်ထုတ်ပြန်ခဲ့ကြောင်း သတင်းစာ တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly