စစ်ဘေးရှောင် ဒုက္ခသည်များအရေး တာဝန်ရှိတယ်ဆိုတဲ့ လူကယ်ပြန်ဝန်ကြီးနှင့် တွေ့ဆုံခြင်း

စစ်ဘေးရှောင် ဒုက္ခသည်များအရေး တာဝန်ရှိတယ်ဆိုတဲ့ လူကယ်ပြန်ဝန်ကြီးနှင့် တွေ့ဆုံခြင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ကျွန်တော်တို့ ဒီ Comment တွေကို ပြန်ကြည့်လို့ရှိရင် တော်တော်များများက ဘာပြောလဲဆိုတော့  စစ်ဘေးဒုက္ခသည်တွေ အဲဒီပုဂ္ဂိုလ်တွေအတွက်ကော ဝန်ကြီးတို့ဌာနအနေနဲ့ ဘာတွေများ စီမံထားလဲတဲ့။ အကြောင်းက ဘာလဲဆိုတော့ ဒုက္ခရောက်တယ်၊ ပြေးတယ်၊ ပြီးရင် ပြန်လာနေတယ်၊ တစ်ခါ ပြန်တိုက်တော့ ပြေးတယ်၊ ပြန်လာနေတယ်၊ အခုဆိုရင် မိုးရာသီဖြစ်တဲ့အတွက်   တော်တော်ဒုက္ခရောက်တယ်လို့ ရေးကြတယ်။ ကျွန်တော် တော်တော်များများ တွေ့နေရတယ်။ အဲတော့ ဒုက္ခသည်အရေးအတွက် နည်းနည်းလေး ပြောပြပေးပါ။

ဒါက တကယ်တမ်းဆိုရင် ကျွန်တော်တို့ ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ တာဝန်ရှိတယ်ဆိုတော့ ကျွန်တော်တို့က ဒါကို တာဝန်ယူဆောင်ရွက်ပေးရမှာပေါ့။ ဒီဟာက ဒုက္ခသည်တွေအတွက် တိုက်ပွဲတွေရှိသလို တိုက်ပွဲတွေ မဖြစ်ချင်ဘူးဆိုပေမယ့်လည်း အဲလိုတိုက်ပွဲတွေ ဖြစ်ခဲ့တယ် အဲအတွက် တိုက်ပွဲကို ရှောင်ရတာရှိတယ်။ တိုက်ပွဲမဖြစ်ခင်ပေါ့နော်။ တိုက်ပွဲရှောင်ဖို့အတွက်ကို ကျွန်တော်တို့က နေရာဌာနတွေလုပ်တယ်။ အဲနေရာဌာနတွေကို တိုက်ပွဲရှောင်ဖို့အတွက် ပို့တယ်ပေါ့နော်။ သူ့ဒေသအလိုက်ပေါ့။ လုပ်ထားတဲ့အခါကျတော့ အဲဟာတွေက နှစ်အနည်းငယ်ကြာတဲ့အခါမှာ ပျက်ဆီးယိုယွင်းလာတာတယ်။ ဒါတွေကို ကျွန်တော်တို့ ပြုပြင်ဖို့အတွက် ရန်ပုံငွေတွေကို ကျွန်တော်တို့ ထုတ်ပေးတာတွေရှိတယ်။ ပြုပြင်ဖို့အတွက် ဆောင်ရွက်နေတာတွေရှိတယ်။ တစ်ခါတစ်လေကျရင် ဥပမာအားဖြင့် ဒီ Camp ကြီးတစ်ခုလုံး မီးလောင်သွားတယ်ပေါ့။ အဲအခါကျရင် ချက်ခြင်း ပြန်လည်ဆောက်ဖို့အတွက်ကို ကျွန်တော်တို့ သဘာဝဘေး အရေးပေါ်အနေနဲ့ ချက်ခြင်းပြန်လည်ထုတ်ပေးတာ သိန်း ထောင်နဲ့ချီပြီးတော့ ထုတ်ပေးတာတွေရှိတယ်။ ဒါတွေကို ပြုပြင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ လုပ်ပေးတယ်။ နောက်တစ်ခါကျတော့ Camp တွေမှာပေါ့ ဒီစခန်းကိုရောက်သွားတဲ့ သူတွေအတွက် စားဝတ်နေရေးကို ကျွန်တော်တို့က လွှတ်ပြီးတော့ တစ်နေ့ကို ဆန်နို့ဆီဗူး တစ်ယောက်ကို ဘယ်နှစ်လုံးနဲ့ဆိုရင် ဘယ်လောက်ကုန်မယ် ပထမဖြစ်ဖြစ်ချင်းမှာ ကျွန်တေ်ာတို့က ဘယ်နှစ်ရက်စာ ဘယ်နှစ်ပတ်စာ ဘယ်လောက် ထောက်ပံ့ရမယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ ထောက်ပံ့တာတွေရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လာထောက်ပံ့တာရှိတယ်။ ဒါပေမယ့် ထောက်ပံ့တာကလည်း သူတို့ပြောသလိုပဲ ပြည်သူတွေပြောတာ သိပ်မှန်တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေကိုလည်း တစ်သက်လုံး ဒီထောက်ပံ့တာတွေနဲ့ ကျွန်တော်တို့ လုပ်ပေးဖို့လိုတယ်။ ဒါပေမယ့် အခြေအနေရ အကုန်လုံးကို သူ့နေရာနဲ့သူ ပြန်ပြောင်းဖို့ မတက်နိုင်တဲ့အခါ အဲနေရာမှာပဲ သူတို့ရဲ့ လူမှုဘဝ ဖွံ့ဖြိုးဖို့ စားဝတ်နေရေး ပြေလည်စေဖို့ဆိုပြီး ကျွန်တော်တို့က ပံ့ပိုး ဆောင်ရွက်၇တာ ရှိတယ်။ ဥပမာအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါ့။ အဲတော့ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ရလဲဆိုတော့ နေရာအနှံ့အသီးသီးမှာ သင်တန်းတွေ လိုက်ဖွင့်တယ်ပေါ့။ ဥပမာ အမျိုးသမီးတွေအတွက်ဆို စက်ချုပ်သင်တန်းပေါ့။ အဲတာတွေကို အခြေခံကနေ အဆင့်မြင့်ထိအောင် တတ်ပြီးတော့ သူတို့လည်း အဆင်ပြေပြီးတော့ဝင်ငွေတွေရမယ်။ ဒါတွေကို ဆောင်ရွက်နေတာတွေရှိတယ်။ အခြား အိမ်တွင်းမှုလုပ်ငန်းတွေလည်း ဆောင်ရွက်နေတာတွေရှိတယ်။ သူ့နေရာ ဒေသအလိုက် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒီကိစ္စကိုလည်း ဆောင်ရွက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ခေါင်းထဲမှာရှိတယ်။ ကျွန်တော်တို့လည်း တာဝန်ရှိတယ်ဆိုတာ သိပါတယ်။

ဒီ စစ်ဘေးရှောင် ဒုက္ခသည်တွေကော ဝန်ကြီးတို့ ဌာနအနေနဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ ဘာများ မက်ဆေ့စ် ပေးချင်လဲခင်ဗျာ။

စစ်ဘေးရှောင်လို့ ပြောမယ့်အစား တိုက်ပွဲရှောင်လို့ ပြောရမှာပေါ့။ တကယ်လည်း တိုက်ပွဲတွေကို ရှောင်ရတာပေါ့နော်။ ဒါနဲ့ပတ်သတ်ပြီး ပေးချင်တာကတော့ ကျွန်တေ်ာတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးကြီးတာက ဘာလဲဆိုတော့ လုံးဝ ငြိမ်းချမ်းရေးရရှိသွားဖို့ အရေးကြီးတယ်။ နိုင်ငံတော် အစိုးရသစ်ကနေပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး အဆင့်ဆင့် ဆောင်ရွက်နေတာရှိတယ်။ ကော်မတီဆို ဗဟိုကော်မတီ ဒီဟာအတွက် ဆောင်ရွက်နေတယ်။ နောက်ပြီး စေ့စပ်ဆွေးနွေးဖို့အတွက် အဖွဲ့တွေအဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတာက ဒီ Process ကြီးက အရှိန်နဲ့သွားနေတာ။ သွားနေတဲ့အခါကျတော့ ၂၁ ပင်လုံညီလုံခံဆိုတာ ဖြစ်လာတယ်။ ဖြစ်လာပြီးလို့ရှိရင် ငြိမ်းချမ်းဖို့ကို တဖြည်းဖြည်း တည်ဆောက်သွားဖို့အတွက် ဒီကိစ္စက လုံးဝ တဖြည်းဖြည်း ပျောက်သွားမှာပါ။ ဒါပေမယ့် မပပျောက်ခင်မှာ ကျွန်တော်တို့မှာ ကာကွယ်စောင့်ရှောက်ရမယ့် လုပ်ငန်းတွေ ရှိတဲ့အတွက်ကြောင့် ကျန်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက ပူးပေါင်းပါဝင်မယ်။ လူတွေကလည်း ပူးပေါင်းပါဝင်ပြီးတော့ ကျွန်တော်တို့ကလည်း ဆောင်ရွက်နေတာရှိပါတယ်။ အဲတော့ ပြည်သူတွေလည်း ပူးပေါင်းဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။

ဝန်ကြီးပြောသွားတဲ့အထဲမှာ အားရစရာတွေ အများကြီး ပါပါတယ်။ ဝန်ကြီးတို့လုပ်နေတဲ့ ရက် ၁၀၀ နဲ့ ပတ်သက်ပြီးလည်း နည်းနည်းလေး ပြန်ပြောပေးပါလား။

အရေးကြီးတဲ့ အချက်တစ်ချက်ပေါ့နော်။ ခုနက ကျွန်တော်ပြောသွားတဲ့အထဲမှာလည်း ပါသွားပြီ။ ကျွန်တော်တို့က လေနဲ့ အလုပ်လုပ်လို့မရဘူး။ တကယ်ပြောတဲ့အတိုင်း လုပ်ရတယ်။ အဲတော့ ဘာအရေးကြီးလဲဆိုတော့ ကျွန်တော်တို့ ရက် ၁၀၀ အတွက် ဆောင်ရွက်နေတဲ့ အစီအစဉ် တော်တော်များများမှာ ရက် ၁၀၀ တွင်းမှာ အပြီးသတ်တာမဟုတ်ဘူး။ ရက် ၁၀၀ တွင်းမှာ အစပျိုးလိုက်တာပေါ့။ ဥပမာ လူငယ်ဝါဒကိုပေါ့။ လူငယ်ဝါဒ ဘယ်လောက်အရေးကြီးလဲဆိုတော့ လူငယ်တွေအားလုံး တကယ်ပါဝင်မှရမှာဆိုတော့ ကျွန်တော်တို့အားလုံး ရက် ၁၀၀ အတွင်းမှာ အစပျိုးနိုင်မယ်။ ဒါပေမယ့် ၁၀၀ အတွင်းမှာ ဒီဟာကြီးက မူဝါဒအတိုင်း ထွက်လာမှာမဟုတ်ဘူး။ ဒါ ဥပမာပြောပြတာ။ အဲဒီလိုပဲ ဆက်လက်ပြီးတော့ဆောင်ရွက်နေတဲ့ကိစ္စမှာ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်နေတဲ့ကိစ္စမှာ တစ်ဟုန်ထိုးဆောင်ရွက်ပြီးတော့ ဝုန်းကနဲ တက်သွားတာမဟုတ်ဘူး။ အပြောနဲ့မဟုတ်ဘူး။ ဒါတွေက ကျွန်တော်တို့ တကယ်လုပ်ဆောင်သွားရမယ့် အပိုင်းတွေဖြစ်ပါတယ်။ လက်တွေ့လုပ်မယ့်အပိုင်းကို ကျွန်တော်အနေနဲ့ ဘာကို တာဝန်ယူချင်တာလဲဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနက ဝန်ထမ်းနည်းတယ်။ ဝန်ထမ်းနည်းပေမယ့် ဖွဲ့စည်းပုံက ကျယ်တယ်။ အစိုးရအဖွဲ့ကလည်း ချက်ချင်း ဆောင်ရွက်ပေးတယ်။ ကျွန်တော်တို့ တကယ်လုပ်နေတာကို သိလို့ ဝန်ထမ်းလေးတွေတိုးချဲ့ဖို့အတွက် နေရာတွေပေးတယ်။ ဘတ်ဂျက်တွေရှိတယ်။ ရှိတဲ့အခါကျတော့ တိုးချဲ့မှာပါ။ ကျွန်တော်တို့ တိုးချဲ့ပြီးတဲ့အခါကတော့ ကျွန်တော်တို့ကနေပြီးတော့ ပိုပြီးတော့ ဒါတွေကို ဆောင်ရွက်နိုင်တာတွေ ရှိတယ်။ ခုနပြောသလို တကယ်ဆောင်ရွက်ပေးပါဆိုတော့ တကယ်ဆောင်ရွက်ပေးဖို့ အစီအမံတွေကို ကျွန်တော်တို့ လုပ်နေတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံ ချဲ့တယ်။ ဝန်ထမ်းတွေ တိုးမြင့်တယ်။ အဲဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထား လုပ်ပုံကိုင်ပုံ အကုန်ပြောင်းလဲသွားဖို့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနက မူသုံးချက်ပဲ။ (၁) ရိုးရိုးသားသား ဆောင်ရွက်ရမယ်။ (၂) ပြည်သူတွေရဲ့ တုန့်ပြန်မှုကို ကြည့်ပြီးတော့ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ရမယ်။ (၃) ပြည်သူတွေနဲ့ အမြဲနီးစပ်အောင် လုပ်ပြီးတော့ အမြဲတမ်း ကြိုးစားရမယ်။ ဒီသုံးချက်နဲ့ ကျွန်တော်တို့ သွားနေပါတယ်။

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ဒီ မေလပေ့ါနော် နာဂစ်ဆိုလို့်ရှိရင် ပြီးခဲ့တဲ့ နှစ်ပတ်လည်ပဲ ဆိုကြပါစို့။ ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာခဲ့ရင်ရော ထပ်ပြီးတော့မှ ကြီးကြီးမားမားဖြစ်မယ်။ ဖြစ်လာရင် ကြိုတင်ပြီးတော့ ကာကွယ်လို့တော့ရမယ်၊ ရန်ပုံငွေတွေ ဘာတွေနဲ့ ပတ်သက်လို့ ဝန်ကြီးတို့ ဘယ်လိုများ စဉ်းစားထားတာရှိလဲ။ ဘယ်လိုမျိုး လုပ်ထားတာရှိလဲ။

အင်မတန်ကောင်းတဲ့မေးခွန်းလည်းဖြစ်တယ်။ ကျွန်တော်တို့ တကယ်လုပ်ထားရမယ့် မေးခွန်းလည်းဖြစ်တယ်။ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမား ပေါ်မယ်၊ မပေါ်ဘူးဆိုတာ မပြောနိုင်ဘူး။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ အတိုင်းအတာတွေလည်းရှိတော့ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆပြီးတော့ လုပ်ဆောင်ရမယ့် အပိုင်းတွေရှိတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့က ဗဟိုကော်မတီကြီး ဖွဲ့ထားတယ်။ လုပ်ငန်းကော်မတီ အောက်မှာရှိတယ်။ ဆိုတော့ ကော်မတီ ကော်မတီလို့ ပြောနေရတာက ကော်မတီကလည်း အရေးပါတယ်။ ကော်မတီက ဘာလဲဆိုတော့ ခုနကပြောတဲ့ ဘတ်ဂျက်ကို ကော်မတီက ဆုံးဖြတ်ချက်ချရတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ကျွန်တော်တို့က အဆင့်ဆင့်ပေါ့ ရက်ပေါင်းများစွာ လပေါင်းများစွာ အရင်လို အကြာကြီး အရင်တုန်းကလိုတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ နဂိုဆောင်ရွက်နေတဲ့ ပုံစံမျိုး ကြန့်ကြာလို့မရတော့ ကျွန်တော်တို့က အဲအဆင့်တွေမှာ လျော့ချပြီးတော့ အမြန်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေရှိတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းတွေထဲမှာ သဘာဝဘေး ရန်ပုံငွေတွေကို တစ်ခါတည်း ခွဲပြီးတော့ ပေးထားတယ်။ ဒါတွေအကုန်လုံးကလည်း စနစ်တကျ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အလေအလွင့်လည်း မရှိရဘူး။ စနစ်လည်းကျရမယ်။ ကြိုတင်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်းတွေမှာ လက်ထဲမှာကိုအရောက် အဆင်သင့် ထည့်ပေးထားတယ်။ ဒါတွေက ကျွန်တော်တို့ ပြောင်းလဲလာတဲ့ စနစ်ပေါ့။ အဆင်သင့်ထည့်ပေးထားတယ်။ ချက်ခြင်း ဖြစ်တာနဲ့သုံးလိုက်။ သုံးရမယ်။ ပြည်သူအခုဖြစ်ပြီဆို အခုသုံးရမယ်ပေါ့။ အဲဒါသုံးပြီးတော့ ကျွန်တော်တို့ ပြန်တင်ပြရမယ်။ ဒါတွေအကုန်လုံးသည် transparent  ဖြစ်ရမယ်။ ခုနလိုပေါ့ ပွင့်လင်းမြင်သာရမယ်။ ဒီကိစ္စဖြစ်လို့ ဒီလောက်ငွေဘတ်ဂျက်ရှိတယ်။ ဒါကို ဒီလိုသုံးလိုက်ပါတယ်။ ဒါကို ပြည်သူကို ပြန်ပြီးတော့ ရှင်းလင်းရမယ်။ ဒီလိုကိစ္စတွေ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားတဲ့အတွက်ကြောင့် သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားကြီး ဖြစ်လာရင် ကျွန်တော်တို့မှာ ခုနလို ဆောင်ရွက်နိုင်တဲ့ ကော်မတီရှိတယ်။ ကျွန်တော်တို့မှာ ငွေအင်အား အဆင်သင့် ဆောင်ထား၊ ရန်ထားတာရှိတယ်။ နောက်တစ်ခါကျတော့ လျင်မြန်တုန့်ပြန်နိုင်တဲ့ အဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ရေးဆိုပြီး ကျွန်တော်တို့ ကော်မတီအကြီးတစ်ခု ဖွဲ့စည်းထားတာရှိတယ်။ ဒါကလည်း ခုနက ဥပမာပြောသလိုပေ့ါ ရဟတ်ယာဉ် ဝယ်ထားပါလား ခဏခဏသွားရတာ ဆူသလိုပဲ ကျွန်တော်တို့က ဘာလဲဆိုတော့ ကျွန်တော်ရယ်၊ ပြည်သူရယ်၊ အစိုးရရယ်၊ တပ်မတော်ရယ်၊ ပူးပေါင်းဆောင်ရွက်တာ။ ကျွန်တော်တို့ တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်တယ်။ ကျွန်တော်တို့ ကိစ္စရှိတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ သဘာဝဘေးနဲ့ ပတ်သက်ပြီးတော့ ရွာကြီးက တောင်ကျရေတွေများကြီးတော့ ရေလွှမ်းသွားတယ်။ သူတို့က အဆင်အသွယ်တွေပျက်သွားတယ်။ တံတားကြီးကျိုးသွားတယ်။ ဒါတွေကို ကယ်ဆယ်ဖို့သွားမယ်။ ချက်ခြင်းပဲ စစ်တပ်က ကျွန်တော်တို့ကို ရဟတ်ယာဉ်တွေ စီစဉ်ပေးတယ်။ ကျွန်တော်တို့ကို သွားမလား သွားမယ်ဆိုရင် ချက်ခြင်းပဲ ရဟတ်ယာဉ်တွေ ထုတ်ပေးတယ်။ ပစ္စည်းတွေဆိုလည်း နှစ်တန်အပြည့်တင်မယ်ဆို နှစ်တန်အပြည့် ကျွန်တော်တို့ သွားချပေးတယ်။ အဲဒါမျိုးတွေ ပူးဆောင်ရွက်တဲ့ကိစ္စတွေ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ဒါအတွက်လည်း အဆင်သင့်ဖြစ်ပါတယ်။

ဒီမှာ ကျွန်တော်တို့ ရီစရာလေးတစ်ခု တွေ့ပါတယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာတွေတုန်းကပေါ့နော် သဘာဝဘေးအန္တရာယ်တွေဖြစ်လို့ရှိရင် သွားလှူပါတယ်တဲ့ သွားလှူတဲ့အခါမှာ NGO အဖွဲ့အစည်းတွေက သွားလှူပြီးတော့ အခြားလူ နာမည်တပ်ပြီးတော့ ဘယ်သူဘယ်သူက လှူပါတယ်ဆိုပြီး ဒါမျိုးတွေ တွေ့ခဲ့ရတယ်ပေါ့လေ။ တွေ့ခဲ့ရတယ်ဆိုတော့ ဝန်ကြီးတို့လက်ထက်မှာကော ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ ခုန ဝန်ကြီးပြောတဲ့ transparent ပေါ့ ဒါမျိုးရှိရှိ ဘယ်လိုမျိုး လုပ်မလဲပေါ့။

ဘယ်လိုမျိုးလုပ်မလဲဆိုတာက  ခုနပြောတဲ့ ကျွန်တော်တို့မှာ မူရှိတယ်။ အဲဒီမူကို အမှန်တကယ် အကောင်အထည်ဖော်လိုက်မယ်ဆိုရင် ဒါ ရှင်းသွားမယ်။ ကျွန်တော်တို့မူက ရိုးရိုးသားသား လုပ်ရမယ်ဆိုတာ ပြောပြီးပြီ။ ပြည်သူတွေရဲ့ တုန့်ပြန်မှုကို ကျွန်တော်တို့ကြည့်ပြီး လုပ်မယ်။ ပြည်သူနဲ့ အနီးစပ်ဆုံးနေမယ်။ အခု ကျွန်တော် ပြည်သူတွေနဲ့ အနီးစပ်ဆုံး နေတဲ့အတွက်ကြောင့် အခုလောလောဆယ် ဒီ ဖေ့ဘုတ်နဲ့ တိုက်ရိုက်ဆက်သွယ်တယ်။ ဒီ မဇ္ဈိမကိုလည်း ကျေးဇူးတင်တယ်။ ဒါ အရမ်းနီးစပ်သွားပြီပေါ့နော်။ သူတို့နဲ့ဆို ကျွန်တော်တို့နဲ့ တကယ့်ကို ရင်းနှီးသွားပြီပေါ့။ အပြန်အလှန်ကို အခုပြောနေတာပေါ့နော်။ ပြောနေတာဖြစ်တဲ့အတွက်ကြောင့် ဒါဟာ ပြည်သူနဲ့ ရင်းနှီးမှုယူတယ်။ အဲလိုရင်းနှီးမှုယူတယ်။ ပွင့်လင်းတယ်၊ မြင်သာတယ်၊ ရိုးရိုးသားသား ဆောင်ရွက်မယ်ဆိုရင် အဲလိုကိစ္စ မဖြစ်တော့ဘူး။

ဟုတ်ကဲ့ပါ။ နောက်ထပ်မေးခွန်း သုံးလေးခုလောက်ပဲ ထပ်မေးပါရစေခင်ဗျာ။ ကျွန်တော်တို့ ဒီ ပြီးခဲ့တဲ့ အစိုးလက်ထက်တုန်းက လုပ်ကိုင်ဆောင်ရွက်မှုနဲ့ အခု ဒီလက်ထက်မှာ လုပ်ကိုင်ဆောင်ရွက်မှု ဘာတွေများ ကွာသွားမလဲ။ အရည်အသွေးပိုင်းဆိုရာပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲပိုင်း ဆိုင်ရာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် စေတနာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ပေါ့။

အဲတာက ကျွန်တော်အနေနဲ့ ပြောရရင် ကျွန်တော်က လူမှုဝန်ထမ်းကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေး အနေနဲ့ ပြောရရင် ကျွန်တော်တို့ စပြီးတော့ ရောက်လာတဲ့ မူက ပြည်သူကို ဘယ်လောက်ကောင်းကျိုးပြုနိုင်မလဲဆိုတဲ့ စိတ်နဲ့လာတယ်။ ဒါကတော့ အစိုးရတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြည်သူကို ဘယ်လောက်ကောင်းကျိုးပြုနိုင်မလဲဆိုတဲ့ စိတ်နဲ့လာတယ်။ လာပြီးလို့ရှိရင် ခုနက ကျွန်တော်တို့ ထူးရှားချက်ကတော့ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်မယ်။ နောက် ရှင်းရှင်းလင်းလင်း ဆောင်ရွက်မယ်။ ကွယ်ကွယ်ဝှက်ဝှက် ဘာမှမရှိဘူး။ ဒါတွေက အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လူတွေရဲ့ လုပ်နေတာတွေကော စိတ်ဓာတ်တွေကော စွမ်းဆောင်ရည်တွေ မြင့်မားဖို့ အမြဲတမ်း ကျွန်တော်တို့ အားပေးပြီးတော့ လုပ်ဆောင်နေတယ်။ တကယ်လည်း လုပ်ပြနေတယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်သူဘာဖြစ်နေလဲဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ အလိမ်အညာခံရမယ့် ကိစ္စမျိုးကို ကျွန်တော်တို့ အဖြစ်မခံဘူး။ ဆိုတာက ကျွန်တော်တို့ အုပ်ချုပ်တဲ့သူအပိုင်းကနေပြီးတော့ မသိဘူး။ အောက်မှာဖြစ်နေတာက တစ်မျိုး၊ အပေါ်မှာ သိတဲ့ဟာက တစ်မျိုးပေါ့။ အဲဒါ အလိမ်ခံရတယ်ခေါ်တာပေါ့။ ဒါက ကျွန်တော်က လူပိန်းစကားနဲ့ ပြောနေတာပေါ့။ ဒီလို အလိမ်အညာ မခံရအောင်လို့ ကျွန်တော်တို့က ပြည်သူနဲ့ အနီးစပ်ဆုံးနေမယ်။ ကျွန်တေ်ာတို့ လူကြီးတွေကလည်း ပြည်သူတွေနဲ့ အနီးစပ်ဆုံးနေမယ်။ ခုနက ပြည်သူ့အသံတွေ ထားထောင်ပြီးတော့ ကျွန်တော်တို့ ပြုပြင်ဆောင်ရွက်မယ်ပေါ့။ ဒါတွေက ကျွန်တော်တို့ လက်တလောမှာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လာတဲ့ ကိစ္စတွေပဲဖြစ်တယ်။ ဆိုတာကတော့ ကျွန်တော်တို့ အနီးစပ်ဆုံး ပြည်သူနဲ့နေမယ်။ ဝန်ကြီးဌာနအားလုံးက ပြည်သူရဲ့ ယုံကြည်ကိုးစားမှု ရှိလာအောင်လုပ်ရမယ်။ အရှင်းဆုံး နမူနာပြောရရင် ပြီးခဲ့တဲ့ ကိစ္စတွေမှာပေါ့လေ အလှူအတန်းလှူတယ်။ ဝန်ကြီးဌာနကို မယုံဘူး၊ အစိုးရကို မယုံတော့ ကိုယ့်ဘာကိုယ် သွားလှူကြတယ်။ ကိုယ့်ဘာကိုယ် သွားလှူကြတော့ စနစ်တကျ လှူဖို့ခဲယဉ်းတာက ဒီ နေရာကိုရောက်ဖို့ ပြည်သူတွေအနေနဲ့ ကြိုးစားပြီးတော့ ဆောင်ရွက်သော်လည်း အဲနေရာရောက်ဖို့ ခက်ခဲရင် အစိုးရက ကူညီရမယ်။ အစိုးရက ဒီနေရာကို ဒီပစ္စည်းရောက်အောင် ကူညီရမယ်။ အဲလိုဖြစ်ဖို့အတွက် ကျွန်တော်တို့က ပူးပေါင်းထားမှဖြစ်မယ်။ ဆောင်ရွက်ထားမှရမယ်။ အစိုးရကို ယုံကြည်ဖို့လိုတယ်။ သူက ကိုင်တွယ် ဆောင်ရွက်ရတော့မှာကို အဲတော့ သူ့ကို မယုံကြည်ရင် သူက မဆောင်ရွက်ချင်တော့ဘူး။ အဲလိုယုံကြည်မှုကို ကျွန်တော်တို့ တည်ဆောက်တယ်။ အဓိက ပြောင်းလဲမှုက ပြည်သူနဲ့ အနီးစပ်ဆုံးနေမယ်။ ပြည်သူယုံကြည်အောင် ကျွန်တော်တို့နေမယ်။ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ ဆောင်ရွက်မယ်။

ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် စိတ်မကောင်းစရာ မေးခွန်းတစ်ခု မေးပါရစေ။ နောက်တစ်ခါ နာဂစ်တာပြန်ဖြစ်ရင် ဝန်ကြီးတို့ဌာနအနေနဲ့ ဘာလုပ်မလဲ။

နောက်တစ်ခါ နာဂစ်တာပြန်ဖြစ်ရင်ဆိုတာက သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားကို ပြောတာပေါ့နော်။ ဘာလုပ်မလဲဆိုတော့ ခုနကပြောတဲ့အထဲမှာ ပါသွားပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အရေးပေါ် ခန့်မှန်းနိုင်တဲ့ဟာ မခန့်မှန်းနိုင်တဲ့ဟာရှိတော့ ခန့်မှန်းနိုင်တဲ့ဟာအတွက် အရေးပေါ် စီမံခန့်ခွဲရေး စနစ်တကျလုပ်ထားတာရှိတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ သိနိုင်တယ်။ ခန့်မှန်းနိုင်မယ်။ မခန့်မှန်းနိုင်တဲ့ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြစ်လာရင် ဘယ်လိုကြိုတင်ပြီးတော့ လုပ်ရမလဲဆိုတဲ့ဟာတွေကို ပိုပြီးတော့ အားစိုက်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ အရင်တုန်းက ကျွန်တော်တို့ အဖွ့ဲအစည်းတွေနဲ့ မချိန်ဆက်နိုင်ဘူး။ လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မယ်။ လူငယ်တွေကို လူငယ်တွေနဲ့ပတ်သက်ပြီး သင်တန်းတွေပေးနေတာတွေ ရှိတယ်။ လူငယ်တွေပါ စနစ်တကျ ပါဝင်မယ်။ အဲ့လိုမျိုးတွေ မြန်မာနိုင်ငံမှာရှိတဲ့ အင်အားတွေအကုန်လုံးကို စုစည်းပြီးတော့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင် ဘာလုပ်နိုင်မလဲဆိုတော့ အဲအခြေအနေနဲ့ အရမ်းကိုကွာအောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်။

ကျွန်တော် နောက်ထပ်မေးခွန်းလေးတစ်ခု ထပ်မေးပါရစေ။ အဲဒါကတော့ ဝန်ကြီးသာ နာဂစ်ဖြစ်တုန်းက တာဝန်ရှိတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဘာလုပ်မလဲ။ ကျွန်တော်တို့ ဒီနာဂစ်တုန်းကတော့ တော်တော်ဝေဖန်ခံခဲ့ရတယ်။ ကျွန်တော် အတိတ်ကိုတော့ ပြန်သွားတာတော့ မဟုတ်ပါဘူး။ အတိတ်ကဟာကို သင်ခန်းစာယူနိုင်အောင် ဒီမေးခွန်းကို ပြန်မေးတာပါခင်ဗျာ။

အဲမေးခွန်းက ဖြေရမယ်ဆိုရင် ဖြေရဘယ်တော်ဖြစ်မလဲဆိုတော့ စဉ်းစားကြည့်ရင် တော်တော်ကြီးကို ကျွန်တော်တို့က အဲတုန်းကလူမဟုတ်ဘဲနဲ့ အခုလူ အစိုးရသစ်ရဲ့ လူဖြစ်နေတဲ့အတွက်ကြောင့် အဲအတွက်ကြောင့် အစိုးရသစ်ရဲ့ လူတစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် တစ်ယောက်တည်း လှုပ်ရှားလို့မရဘူး။ ဒီကိစ္စမျိုးက ။ အဲနေရာမှာရှိရင် ဘာဖြစ်မလဲဆိုတာက ကျွန်တော်တို့ အဲနေရာမှာရှိရင် ကျွန်တော်တစ်ယောက်တည်း လှုပ်ရှားလို့မရဘူး။ ကျန်တဲ့ မူဝါဒတွေရှိတယ်။ ဖွဲ့စည်းပြီးတော့ ပေါင်းစပ်လုပ်ဆောင်ရတာတွေရှိတယ်။ နောက်ပြီးတော့ အခြေခံလိုအပ်ချက်တွေ ဖြည့်စည်းထားဖို့လိုတယ်။ ဒါတွေအကုန်လုံးကို ဖြည့်ဆည်းရမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီအခြေအနေမှာ ကျွန်တော်ရှိလို့ရှိရင် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီလိုအခြေအနေဖြစ်အောင် ဖန်တီးမှသာ ဒီလိုပြောင်းလဲမှု ဖြစ်လာမယ်လို့ ကျွန်တော်ပြောချင်တယ်။ ဒါပဲပြောလို့ရတယ်။

ကျေးဇူးတင်ပါတယ်ဝန်ကြီး။ အဲ့တော့ ကျွန်တေ်ာတို့ မေးခွန်းမေးတာလည်း တော်တော်များသွားပြီ ဆိုတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ တခြား ဖြည့်ပြောချင်တာများရှိရင် ပြောပေးပါဦးခင်ဗျာ။

ဖြည့်ပြောချင်တာကတော့ ကျွန်တော်က ခုနပြောသလိုပေါ့နော်။ ပြည်သူရဲ့ တုန့်ပြန်မှုကို လိုချင်တဲ့အတွက်ကြောင့် ပြည်သူတွေ ကျွန်တော်တို့ကို များများတုန့်ပြန်ပေးပါ။ ဝေဖန်ပေးပါလို့   ပြောချင်တယ်။ ပြည်သူများ ဝေဖန်လို့ရှိရင် အဲဝေဖန်မှုတွေက ကျွန်တော်အတွက် ပြည်သူ့ကောင်းအောင် ဘာပြန်လုပ်ရမလဲဆိုတဲ့ ပိုပြီးတော့လုပ်ဆောင်နိုင်တဲ့ အရာတွေအဖြစ်   ပြောင်းလဲသွားမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကို များများဝေဖန်ဖို့လိုတယ်။ ကျွန်တော်တို့ကို အကြံအဉာဏ် များများပေဖို့လို့တယ်။ ကျွန်တော်တို့ ပြည်သူတွေကို အားကိုးပြီးလုပ်နေတဲ့ အစိုးရဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူ့ရဲ့ အကြံအဉာဏ် ပြည်သူ့ရဲ့ ဝေဖန်မှု ဒါကို ကျွန်တော်တို့ အများကြီး လက်ကမ်းကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။

မဇ္ဈိမ ပရိသတ်များခင်ဗျာ။ ဝန်ကြီးကတော့ ဝန်ကြီးဌာနကို ဝေဖန်ပါ အကြံပြုပါ အချိန်အဆက်လုပ်ပါလို့ ပြောပါတယ်။ နောက်တစ်ခါ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတယ် ဆိုရင်လည်း သူတို့ရဲ့ ၂၄ နာရီ ဝန်ဆောင်မှုပေးနေတဲ့ ၀၆၇၄၀၄၆၆၆- ၀၆၇၄၀၄၇၇၇ ကို ၂၄ နာရီ အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အင်တာဗျုး ဗွီဒီယိုဖိုင်-https://www.facebook.com/MizzimaDaily/videos/1209392149095688/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required