ဆောက်သမ်တန်တိုက်စစ်မှူး မန်နီကို ခေါ်ယူရန် လီဗာပူးလ် သဘောတူညီမှုရရှိ

ဆောက်သမ်တန်တိုက်စစ်မှူး မန်နီကို ခေါ်ယူရန် လီဗာပူးလ် သဘောတူညီမှုရရှိ

ဇွန် ၂၇၊ အင်္ဂလန် ။             ။ လီဗာပူးလ်အသင်းသည် ဆောက်သမ်တန်တိုက်စစ်မှူး မန်နီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မန်နီသည် မကြာမီ လီဗာပူးလ်အသင်း၌ ဆေးစစ်မှု ခံယူမည် ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က လီဗာပူးလ်အသင်းကို ဆောက်သမ်တန်အသင်းက ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် မန်နီ၏ခြေစွမ်းကို လီဗာပူးလ်နည်းပြ ကလော့က သဘောကျနေခဲ့ခြင်း ဖြစ်သည်။

ကလော့ပ်သည် ယခုနှစ်ရာသီတွင် လီဗာပူးလ်အသင်းကို ပိုမိုကောင်းမွန်သည့်အသင်းဖြစ်လာစေရန် မန်နီကို ခေါ်ယူအားဖြည့်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ၃၇ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူနိုင်ခဲ့သည့် မန်နီသည် လီဗာပူးလ်တွင် စတူးရစ်ချ်၊ အိုရီဂီတို့နှင့် တွဲဖက်ကစားရမည် ဖြစ်သည်။

အန်ဒီကာရိုး(၃၅ သန်း)၊ ဘန်တီကီ(၃၂.၅) သန်းတို့ပြီးနောက် မန်နီ၏ အပြောင်းအရွှေ့မှာ လီဗာပူးလ်၏ တတိယဈေးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်လာမည် ဖြစ်သည်။

Ref; ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly