ဟာဇက် ခြေစွမ်းပြမှုနဲ့အတူ ဘယ်လ်ဂျီယံ ဂိုးပြတ်နိုင်

ဟာဇက် ခြေစွမ်းပြမှုနဲ့အတူ ဘယ်လ်ဂျီယံ ဂိုးပြတ်နိုင်
(ဓာတ်ပုံ - ယူရို ၂၀၁၆)

ဟာဇက်ရဲ့ တစ်ကိုယ်တော် ခြေစွမ်းပြ သွင်းဂိုးနဲ့အတူ ဟန်ဂေရီကို ဂိုးပြတ်နိုင်ပြီး နောက်တစ်ဆင့် ယူရို ၂၀၁၆ ကွာတားဖိုင်နယ်မှာ ဝေးလ်စ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

(၁၀) မိနစ်မှာ ဒီဘရိုင်း ပေးပို့မှု ကနေတစ်ဆင့် နောက်ခံလူ အယ်လ်ဒါဝီယဲလ်က ခေါင်းတိုက်ပြီး ဘယ်လ်ဂျီယံအသင်းအတွက် ဦးဆောင် ဂိုးသွင်းခဲ့ပါတယ်။

ဘယ်လ်ဂျီယံက နောက်ထပ် သွင်းဂိုးတွေကိုတော့ ပွဲပြီးခါနီးအချိန်တွေမှာ ဆက်တိုက်ရခဲ့ပြီး (၇၈) မိနစ်မှာ ဘယ်တောင်ပံကနေ ခြေစွမ်းပြနေတဲ့ ဟာဇက် ပေးတာကနေ လူကာကူအစား ဝင်လာတဲ့ ဘတ်ရှုအာယီက ပိတ်သွင်းခဲ့ပါတယ်။

(၈၀) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဟာဇက်က ဟန်ဂေရီ နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဧရိယာထိပ် ကနေ အပြင်းကန်သွင်းပြီး တတိယ ဂိုးရယူခဲ့ပါတယ်။ ပွဲပြီးခါနီး အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေပဲ နိုင်ဂိုလန် ပေးတာကို ကာရက်စ်ကိုက နောက်ထပ်တစ်ဂိုးသွင်းခဲ့လို့ ဘယ်ဂျီယံက (၄) ဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

ပွဲပြီးရလဒ်

ဘယ်လ်ဂျီယံ ၄-၀ ဟန်ဂေရီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly