ပေါင်သန်း ၅၀ တန်နောက်ခံလူ ဂျွန်စတုန်းစ်ကို ခေါ်ယူနိုင်ရန် မန်စီးတီးနီးစပ်

ပေါင်သန်း ၅၀ တန်နောက်ခံလူ ဂျွန်စတုန်းစ်ကို ခေါ်ယူနိုင်ရန် မန်စီးတီးနီးစပ်

ဇွန် ၂၆၊ မန်ချက်စတာ။                 ။ မန်စီးတီးနည်းပြဂွာဒီယိုလာသည် ပေါင်သန်း ၅၀ တန် အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ကို အောင်မြင်စွာခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

မန်ချက်စတာစီးတီးအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းစ်ကို ပြိုင်ဘက် ယူနိုက်တက်၊ ချယ်လ်ဆီးတို့ကိုကျော်ပြီး ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

မန်စီးတီးနည်းပြသစ် ဂွာဒီယိုလာသည် ရှောလ်ကေးအသင်းမှ လီရွိုင်းဆိန်းကိုလည်း ခေါ်ယူချင်နေသည်။

ဝါရင့်ခံစစ်မှူးဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ ဒီမစ်ချယ်လီသည်အသင်းမှထွက်ခွာမည်ဖြစ်ရာ ဗဟိုနောက်ခံနေရာအားဖြည့်မည့် မန်စီးတီးအတွက် အသက် ၂၂ နှစ်အရွယ်စတုန်းစ်မှာ အဓိက ပစ်မှတ်ကစားသမားတစ်ဦးဖြစ်နေသည်။

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီမှာ ပြီးခဲ့သည့်တစ်ရာသီလုံး ဒဏ်ရာများဖြင့်ရုန်းကန်ခဲ့ရသကဲ့သို့ မန်ဂါလာ၏ခြေစွမ်းမှာ လည်း သံသယဝင်ခံနေရသည်။

ဂွာဒီယိုလာအနေဖြင့် အသင်းအနာဂါတ်အတွက်ဆုံးဖြတ်ချက်မချမီ ရာသီကြိုကာလတွင် အော်တာမန်ဒီနှင့် ဒီနေယာတို့ကို ဗဟို နောက်ခံလူအဖြစ် အသုံးပြုဖွယ်ရှိနေသည်။

Ref; the sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly