ပေါ်တူဂီနှင့်ခရိုအေးရှားပွဲမှာ ယူရိုပြိုင်ပွဲတွင် ဂိုးပေါက်လွဲချော်မှု အဆိုးရွားဆုံးစံချိန်တင်

ပေါ်တူဂီနှင့်ခရိုအေးရှားပွဲမှာ ယူရိုပြိုင်ပွဲတွင် ဂိုးပေါက်လွဲချော်မှု အဆိုးရွားဆုံးစံချိန်တင်

ဇွန် ၂၆၊ ပြင်သစ် ။              ။ ယူရို ၂၀၁၆ ပြိုင်ပွဲ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ် တစ်ပွဲဖြစ်သော ပေါ်တူဂီနှင့် ခရိုအေးရှားတို့၏ ပွဲစဉ်သည် ၁၉၈၀ နောက်ပိုင်း ယူရိုပြိုင်ပွဲသမိုင်းတွင် ဂိုးပေါက်လွဲချော်မှု အဆိုးရွားဆုံးစံချိန် တင်ခဲ့သည်။

ထိုပွဲစဉ်တွင် မိနစ် ၉၀ အတွင်း ခရိုအေးရှားအသင်းက ပေါ်တူဂီဂိုးပေါက်ကို ၁၇ ကြိမ်အထိ ခြိမ်းခြောက်ခဲ့ပြီး ပေါ်တူဂီက ၃ ကြိမ် ပြန်လည်ကန်သွင်းနိုင်ခဲ့သည်။ သို့သော် ဂိုးပေါက်ကန်သွင်းမှုအားလုံးမှာ ဂိုးပေါက်တည့်ခြင်း မရှိခဲ့ကြသည့်အတွက် ယူရိုသမိုင်းတွင် မှတ်တမ်းဝင်ခဲ့ရသည်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုမှာလည်း မိနစ် ၉၀ အတွင်း ခရိုအေးရှားဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ဘဲ သူ၏ကစားသမားဘဝတွင် စံချိန်ဆိုးတစ်ခု ရရှိသွားခဲ့သည်။

ထိုပွဲစဉ်တွင် ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေခဲ့သည့်အတွက် အချိန်ပိုဆက်လက်ကစားခဲ့ရာတွင် ပေါ်တူဂီက ကွာရက်စ်မာ၏ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။ ထိုဂိုးကိုတော့ စီရော်နယ်ဒို၏ကန်သွင်းမှုမှ ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာသည်ကို ကွာရက်စ်မာက သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။

ပေါ်တူဂီကို ရှုံးပြီးနောက်တွင် ခရိုအေးရှားအသင်း၏ အဓိက ကစားသမားများဖြစ်သော မိုဒရစ်နှင့်ရာကီတစ်တို့က အကောင်းဆုံးအသင်းတစ်သင်းမှာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဟု ပြောဆိုခဲ့ကြသည်။

ရည်ညွှန်း ဂိုးဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly