မက်အော်လေရဲ့ ကိုယ့်ဂိုးကို သွင်း ဂိုးကြောင့် ဝေးလ် နောက်တစ်ဆင့်တက်

မက်အော်လေရဲ့ ကိုယ့်ဂိုးကို သွင်း ဂိုးကြောင့် ဝေးလ် နောက်တစ်ဆင့်တက်
(ဓာတ်ပုံ - အီးပီအေ)

မက်အော်လေရဲ့ ကိုယ့်ဂိုးကို သွင်းတဲ့ ဂိုးကြောင့် ဝေးလ်အသင်းက မြောက်အိုင်ယာလန်ကို ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့ နိုင်ပြီး ယူရို ၂၀၁၆ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲရဲ့ အစောပိုင်းတွေမှာတော့ ဘေးလ်ရဲ့ ဖရီးကစ်ကန်သွင်းမှုကို မြောက်အိုင်ယာလန် ဂိုးသမား မစ်ဂါဗန် ကာကွယ်သွားခဲ့ပါတယ်။ ဒါ့အပြင် ရမ်ဆေးရဲ့ (၁၉) မိနစ်မှာ သွင်းတဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ဂိုးအဖြစ် ခွင့်မပြုခဲ့တာလည်း တွေ့ရပါတယ်။

ပွဲချိန် (၇၅) မိနစ်မှာ ဘေးလ်ရဲ့ အလွန်အန္တရာယ်များလှတဲ့ အနိမ့်ကန် ဖြတ်တင်ဘောကို မြောက်အိုင်ယာလန် နောက်ခံလူ မက်အော်လေက ဂိုးရှေ့မှာ ဖြတ်ထုတ်ရာကနေ ကိုယ့်ဂိုးကို သွင်းမိသွားတာဖြစ်ပါတယ်။

ဝေးလ်အသင်းကတော့ နောက်တစ်ဆင့်မှာ ဟန်ဂေရီ သို့မဟုတ် ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပွဲပြီးရလဒ်

ဝေးလ် ၁-၀ မြောက်အိုင်ယာလန်
ဂိုး - မက်အော်လေ (၇၅) မိနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly