လူကယ်ပြန်ဝန်ကြီးဌာန လူငယ်ကဏ္ဍ သက်ကြီးရွယ်အိုကဏ္ဍများအတွက် ဘာတွေ လုပ်ဆောင်ထားသလဲ

လူကယ်ပြန်ဝန်ကြီးဌာန လူငယ်ကဏ္ဍ သက်ကြီးရွယ်အိုကဏ္ဍများအတွက် ဘာတွေ လုပ်ဆောင်ထားသလဲ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အခု ဝန်ကြီးပြောသွားတဲ့အထဲမှာ ကယ်ဆယ်ရေးကိစ္စကို အဓိကထား ပြေားသွားပါတယ်။ နောက်ပြီးတော့ လူမှုဝန်ထမ်း ဒါမှမဟုတ်လို့ရှိရင် လူမှုဖူလုံရေးကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး နဲနဲလေး ပြောပေးပါဦး။

အမှန်ကတော့ လူမှုဝန်ထမ်းပဲပေါ့။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဲဒီတော့ ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကျွန်တော်တို့ လုပ်နေတာက တကယ်တော့ လူမှုဝန်ထမ်းဦးစီးဌာနလုပ်ရတာ အင်မတန်ကြပ်တယ်။ အမှန်တော့ မွေးရာကနေ ဟို သက်ကြီးအချိန်ထိ သက်ဆိုင်တယ်။ မွေးပြီးတော့ ရက်ပေါင်း တစ်ထောင်ဆိုတာရှိတယ်။ ကလေးအ တွက် အဲဒါက ကိုယ်ဝန်ဆောင်တဲ့အချိန်ကနေ မွေးဖွားပြီးတဲ့အချိန် ရက်ပေါင်းတစ်ထောင်အထိပေါ့။ အဲဒီရက်ပေါင်းတစ်ထောင်က လူငယ်ရဲ့ ကလေးရဲ့ ဖွံ့ဖြိုးမှုအမြင့်ဆုံးကို ရောက်နေပြီ။ အဲဒီတော့ ဒီကာလမှာ ကလေးတွေကို စောင့်ရှောက်မှု အကောင်းဆုံး ပေးနိုင်လို့ရှိရင် ကျွန်တော်တို့က နောင်လာ မယ့် မျိုးဆက်သစ်ကောင်းတွေ ဖြစ်ပေါ်လာမယ်။ အကြံကောင်းဉာာဏ်ကောင်း ရှိတဲ့သူတွေ ဖြစ်ပေါ် လာမယ်။ တော်တဲ့သူတွေ ဖြစ်ပေါ်လာမယ်။ နိုင်ငံအတွက် အားထားရမယ်။

ဒီနိုင်ငံမှာလည်း ကျွန်တော်တို့အတွက် ရှေးရိုး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဆိုတာ ရှိတယ်။ ကျွန်တော်တို့မှာ စီမံချက်ရှိတယ်။ ဆိုတော့ ကျွန်တော်တို့မှာလည်း Programတွေရှိတယ်။ အဲဒီ ပရိုဂရမ်တွေလည်း လုပ်ဆောင်ရတယ်။ ဆောင်ရွက်ရတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုတာ ဘာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း စောင့်ရှောက် ပေးတယ်။ နောက်ပြီးတော့ မွေးဖွားပြီးတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ပေးတယ်။ ဒါလူမှုကာ ကွယ် စောင့်ရှောက်ရေးပေါ့။ ဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လုပ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ ဘယ်လိုစား၊ ဘယ်လိုနေ၊ ဘယ်လိုလုပ်ဆိုတဲ့ ဒါပေမယ့် တကယ်စားဖို့ကျ တော့ သူတို့မှာ ငွေရှိဖို့လိုတယ်။ ဒါကို ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့လိုတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူမှုကာကွယ်ရေးလုပ်ငန်းက လိုက်ပြီးတော့ ထောက်ပံ့ပေးတာပေါ့။ ကိုယ်ဝန်ဆောင်ဆိုလို့ရှိရင် ဘယ်လိုထောက်ပံ့မယ်။ ကလေးအတွက် ၂ နှစ်အထိဆို ဘယ်လိုထောက် ပံ့မယ် ဒီအစီအစဉ်တွေ ကျွန်တော်တို့မှာရှိတယ်။ ဒါကို ကျွန်တော်တို့ လူမှုကာကွယ် စောင့်ရှောက်ရေး လို့ ခေါ်တယ်။ ဒါက အခုမှစတာ။ ဒါကို ကျွန်တော်တို့ စီမံချက်အနေနဲ့ ဆောင်ရွက်နေတယ်ပေါ့။ ဒါက ကလေးတွေနဲ့ ပတ်သက်လို့ပြောတာ။

အဲဒါပြီးတဲ့နောက်မှာ ဒီကလေးတွေ ကြီးလာမယ်။ ဆယ်ကျော်အသက်ရွယ်ရောက်လာရင် ဆယ်ကျော်သက်နဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေက သူတို့အကြောင်း သူတို့သိပြီးတော့ သူတို့ကိုယ်သူတို့ လူငယ်ဘဝကနေ တန်ဖိုးရှိတဲ့ လူကြီးဘဝရောက်အောင် ဘယ်လိုဖြတ်သန်းမလဲဆို တဲ့ ကိစ္စကနေ ကျွန်တော်တို့အနေနဲ့လည်း ပါဝင်ဆောင်ရွက်ပေးရမယ့်အရာတွေ ရှိတယ်။

ဒါပြီးတဲ့အခါကျတော့ လူငယ်ကဏ္ဍရောက်သွားရော။ လူငယ်ကဏ္ဍကျတော့ လူငယ်တွေကို မြန်မာနိုင်ငံမှာ လူငယ်တွေက အင်မတန်ကို ထက်မြတ်တယ် တကယ်တမ်းဆိုရင် ဒါကို ကျွန်တော်တို့ က စနစ်တကျ လူငယ်တွေကို ပြုစုပျိုးထောင်ပေးမယ်ဆိုရင် နိုင်ငံတော်အတွက် လူငယ်တွေက ပိုပြီးတော့ ဆောင်ရွက်နိုင်ကြမယ်။ ဒါပေမယ့် တကယ့်အဖွဲ့အစည်းနဲ့ ကျကျနန လုပ်နိုင်အောင်ဆိုပြီး လူငယ်မူဝါဒရေးဆွဲရေးကို ကျွန်တော်တို့ ဦးဆောင်ပြီးတော့ လုပ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ ကျန်းမာရေးအားကစားတွေကို အခြား ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တေ်ာတို့ကနေ ဦးဆောင်ပြီးတော့ ဆောင်ရွက်ရတာရှိတယ်။

အဲသလို အဆင့်ဆင့်ဆောင်ရွက်လို့ အခုတော့ ၅၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီ။ မူဝါဒ ရေးဆွဲတယ်။ ဒါကိုလည်း လူငယ်တွေကိုယ်တိုင် ပါဝင်ရေးဆွဲပါ။ ဦးဆောင်ပါ လူငယ်တွေလည်း ရေးဆွဲတာ  ပါဝင်ပါ။ တကယ် Process တစ်ခုလုံးမှာ ဦးဆောင်ပြီး ပါဝင်လာတာက လူငယ်တွေပဲ ရေးတာ ဆွဲတာ စပြီးစီစဉ်တာ အကုန်လုံး လူငယ်တွေက လုပ်သွားတာပေါ့။ မူဝါဒတွေက မြန်မာနိုင်ငံ ရဲ့ လူငယ်မူဝါဒဖြစ်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ ပါဝင်ပြီးတော့ လုပ်ဆောင်ရမယ် ပေါ့။ ဒါကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနကနေ ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးတယ်။

အဲဒါပြီးတော့တစ်ခါ သက်ကြီးရွယ်အိုကျတော့ ကျွန်တော်တို့က ဘယ်လိုလုပ်ပေးမလဲဆိုတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုတာ ရှိတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးကျတော့ သက်ကြီးသော်လည်း အိုပြီးတော့ စွမ်းတာရယ် အိုပြီးတော့ မစွမ်းတာရယ်ရှိတယ်။ အဲဒီတော့ မစွမ်းတဲ့ သူတွေကို စောင့်ရှောက်တာတစ်မျိုး အိုပြီး စွမ်းတဲ့သူတွေကိုကျတော့ ကျွန်တော်တို့ စောင့်ရှောက်တာ တစ်မျိုး။ အိုမင်းစွမ်းတဲ့သူတွေကျတော့ သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့ အသက် ၆၅ ကျော်သွားသော် လည်း သူတို့ရဲ့အစွမ်းအစနဲ့ ဘယ်လို လူမှုအဖွဲ့အစည်းမှာ သူတို့ ဘယ်လောက်များ ပါဝင်နိုင်မလဲဆို တာ သူတို့ရဲ့အစွမ်းအစကို ပြလို့ရမယ့် အစီအစဉ်တွေလည်း ကျွန်တော်တို့မှာရှိတယ်။ နောက်ထပ် မစွမ်းတဲ့သူတွေ စောင့်ရှောက်ဖို့ကျတော့လည်း သင်တန်းတွေပေးတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်တဲ့ သင်တန်းတွေပေါ့။ အဲလိုသင်တန်းတွေကျတော့ လုပ်တယ်။ လုပ်တဲ့အခါကျတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာတာပေါ့။ သက်ကြီးရွယ်အို စောင့်ရှောက်တဲ့ သင်တန်းတွေ လုပ်ခြင်းအားဖြင့် အဲဒီသင်တန်းတွေ ပြီးသွားတဲ့အခါကျရင် အစိုးရဌာနတွေမှာ လုပ်လို့ရသလို ပြင်ပမှာ စောင့်ရှောက်တဲ့နေရာမှာလည်း တကယ်ကိုစောင့်ရှောက်တတ်တဲ့ လူတွေအဖြစ်နဲ့ အလုပ်အကိုင်အ ခွင့်အလမ်းတွေ ရရှိအောင် ဆောင်ရွက်ပေးတဲ့ သင်တန်းတွေဖြစ်တယ်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကနေပြီးတော့ ဥပဒေ သက်ကြီးရွယ်အို ဥပဒေတွေ ကျွန်တော်တို့တွေ တော်တော်ကြီးကို ဒီဥပဒေနဲ့ပတ်သက်ရင် လွှတ်တော် ကနေ အတည်ပြုဖို့ပဲ ကျန်တယ်။ ကျွန်တော်တို့ ပြင်ဆင်ပြီးသားပေါ့။ အဲဒီအထဲမှာလည်း Social ပင်စင်ကိစ္စတွေ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးတွေ အကုန်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ပတ်သက်ပြီး သူ့မှာလည်း သူ့အခွင့်အရေးရှိတယ်။ လူငယ်မှာလည်း လူငယ်နဲ့ပတ်သက်တဲ့ အခွင့်အရေး ရှိတယ်။ ဒါတွေအတွက်ကို ကျွန်တော်တို့ ဥပဒေတွေနဲ့ ပြဌာန်းပြီးတော့ နည်းဥပဒေတွေနဲ့ ပြန်လည်ဆောင်ရွက်ဖို့ ရှိတယ်။ ဒါက အကြမ်းမျဉ်းပြောပြတာပေါ့။

နောက်ပြီးတော့ ဒီထဲမှာပဲ ဆောင်ရွက်နေတဲ့ ကိစ္စတွေရှိတယ်။ ဘာတွေလဲဆိုရင် သက်ကြီး ရွယ်အိုတွေမကပဲ ခုနပြောသလိုပေါ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုတာ မွေးရာကနေ သက်ကြီး ရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးကို စနစ်တကျကို ဆောင်ရွက်နိုင်ဖို့အတွက် အစပျိုးနေ ပြီပေါ့။ ဒါကတော့ ကျွန်တော်တို့ စီမံချက်တွေ အများကြီးချပြီးတော့ လုပ်တာ အဲဒီအတွက်လည်း မူဝါဒတွေ ဥပဒေတွေ နောက်ပိုင်းကျရင် ထွက်ပေါ်လာလိမ့်မယ်။

အင်တာဗျုး ဗွီဒီယို-https://www.facebook.com/MizzimaDaily/videos/1209392149095688/

မဇ္ဈိမ ပရိသတ်တွေက အကြံပေးတာရှိပါတယ်။ ဘာကိုအကြံပေးလဲဆိုတော့ လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ ကယ်တင်နိုင်အောင် ရဟတ်ယာဉ် ဝယ်ထားသင့်တယ်တဲ့။ ဆိုတော့ ဒါကို ကျွန်တော်က ဝန်ကြီးကို ပြန်ပြောပြတာ သူတို့အကြံပေးတာကို။ ဆိုတော့ ပြည့်ဖြိုးသန့်ဆိုတဲ့ မဇ္ဈိမ ပရိသတ်တစ်ယောက်က မေးတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ငလျင်ဒဏ်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနဲ့ပတ်သတ်ပြီး ဝန်ကြီးတို့ဌာနတွေ ဆောင်ရွက်ထားတာ ရှိပါသလားတဲ့။

ငလျင်ဒဏ်ကတော့ တကယ်တော့ ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်ထဲမှာ ပါတယ်။ မုန်းတိုင်းဆို ကြိုတင်ခန့်မှန်းလို့ရတယ်။ ငလျင်ကျတော့ အဲသလိုမျိုး မရှိဘူးပေါ့နော်။ ဒါပေမယ့် ငလျင်ဒဏ်ခံ အဆောက်အဦးဆိုတာရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာဆောက်တဲ့ အဆောက်အဦးတွေက ရှေ့အစဉ်အဆက်ကတော့ ရှိတယ်။ အသေအချာလိုက်နာနိုင်ဖို့ကတော့ သိပ်အများကြီး မရှိခဲ့ဘူး။ ငလျင်ဒဏ်ခံ အဆောက်အဦးတွေ ဖြစ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့က ငလျင်ဒဏ်ခံ အဆောက်အဦးတွေ ဆောက်တဲ့အခါတိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်မေးဖို့ အတွက် ငလျင်နဲ့ပတ်သက်လို့ရှိရင် ဘယ်လိုမျိုး ဆောက်လို့ရှိရင် ငလျင်ဒဏ်ခံနိုင်သလဲဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပြီး လုပ်ဆောင်ရတာရှိတယ်။ ဒါတွေကို ဆက်စပ်ဆောင် ရွက်ရတာ ရှိတယ်ပေါ့ဗျာ။

သားသားဆိုတဲ့ လူငယ်တစ်ယောက်ကလည်း မေးထားတယ်။ ဝန်ကြီးပြောသွားတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ ပါတယ်တဲ့။ ဒါပေမယ့် မိဘမဲ့ကလေးတွေ မပါသေးဘူးတဲ့။ အဲဒါကိုလည်း ပြောပေးပါဦးတဲ့။

ကျွန်တော်တို့ လူမှုဝန်ထမ်း လုပ်တဲ့အထဲမှာ အဓိက ရက် ၁၀၀ ထဲမှာပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ လမ်းပေါ်နေကလေးများ တောင်းရမ်းစားသောက်တဲ့ ကလေးများ အကာအကွယ်မဲ့ကလေး များ နောက်ပြီး အကာအကွယ်မဲ့ သက်ကြီးများ မသန်စွမ်းသူများ ပါဝင်တယ်။ ခုနက ကလေးတွေပေါ့။ လေလွင့်နေတဲ့ ကလေးတွေ ပါတယ်ပေါ့။ အဲဒီကလေးတွေနဲ့ပတ်သက်ပြီး စီမံချက်ရှိတယ်။ အဲဒီစီမံ ချက်က ဘာလဲဆိုတော့ ပထမဆုံးက ဒါတွေက မြို့ကြီးတွေမှာ တော်တော်များများ တွေ့နေရတယ် ဖြစ်နေရတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရက် ၁၀၀ စီမံချက်အနေနဲ့ ဦးစားပေးထဲမှာ ပါနေတယ်။ ဒါကတော့ ဘာလဲဆိုတော့ ကျွန်တော်တို့ ဒီကိစ္စက နည်းနည်းကျယ်ပြန့်တယ်။ ရိုးရိုးစင်းစင်းလေးနဲ့ ပြောလို့ရတဲ့ ကိစ္စဆိုတော့ ကျွန်တော်တို့ တော်တော်ကြီးကို စုပေါင်းရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ က တိုင်းဒေသကြီးအဖွဲ့နဲ့ စည်းဝေးတယ်။ ပူးပေါင်းတယ်။ သူတို့နဲ့ ကျွန်တေ်ာတို့ ပြန်ပြီး ဆောင်ရွက်ရ တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ စီမံချက်ထဲမှာ ရေးဆွဲတယ် ဒီကိစ္စကို။ ဒီ လေလွင့်နေတဲ့ ကလေးတို့ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်တို့ မိဘမဲ့တို့ လမ်းပေါ်ရောက် နေတဲ့သူတို့ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စီမံချက် ရေးဆွဲထားတယ်။

အဲစီမံချက်ရေးဆွဲထားပြီးတော့ တကယ်ကျွန်တော်တို့ ဘယ်လို အကောင်အထည်ဖော်ရမလဲ ဆိုတဲ့ နည်းလမ်းကို ဖော်ထုတ်ဖို့က ပိုအရေးကြီးတယ်။ အဲဒီနည်းလမ်း ဖော်ထုတ်ဖို့အတွက်ကိုလည်း ကျွန်တော်တို့က ရက်၁၀၀ထဲမှာ လုပ်နိုင်မယ်။ ရက် ၁၀၀ အတွက်က နည်းလမ်းဖော်ထုတ်ဖို့လုပ်ရ မယ်။ အဲဒါပြီးရင် ကျွန်တော်တို့ ဒီအစီအစဉ်အတိုင်း အဲဒီနည်းလမ်းတွေအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ကြည့်ရမယ်။

နည်းလမ်းဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ ၆၀-၇၀ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီ။ အဲဒါ ဘာလို့လဲဆိုရင် လမ်းဘေးမှာတွေ ရပ်ကွက်တွေဆင်းပြီးတော့ တိုင်းဒေသကြီးနဲ့ ပေါင်းပြီးတော့ အခြေအနေအကုန် လေ့လာရမယ်။ မျိုးဆက်တွေ အခြေအနေတွေကို အကုန်လေ့လာမယ်။ ဒီအတိုင်း ရန်ကုန်မှာဆိုလို့ရှိရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖွဲ့နဲ့လည်း ဆွေးနွေးပြီးပြီ။ လူမှု ရေး ဝန်ကြီးချုပ်နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးပြီးပြီ။ ဒါတွေကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနက ဘယ်လိုလုပ်မယ်ဆိုတဲ့ဟာကို ထိုင်ပြီးတော့ဆွေးနွေးတာ လုပ်ပြီးပြီ။ အကုန်လုံး ရပ်ကွက်တွေထဲကို ဆင်းပြီးတော့ ဆက်လုပ်ဖို့ကို ဆက်လက်ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒါတွေအကုန်လုံးပြီးသွားရင် ဒီနည်းလမ်းတွေအတိုင်း ဆက်လုပ်ပြီး ဆောင်ရွက်သွားဖို့ ကျွန်တော်တို့မှာ ရှိတယ်။

ကျော်ရဲမောင်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မဇ္ဈိမ ပရိသတ်တစ်ယောက်ကလည်း ပြောလာပါတယ် ခင်ဗျာ။ ဘာပြောလဲဆိုတော့ ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက်ကော အခြား ပရဟိတအဖွဲ့တွေနဲ့ ဝန်ကြီးတို့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘယ်လိုများလုပ်ပေးနိုင်မလဲတဲ့။ ကျွန်တော်တို့နိုင်ငံမှာ ကျောင်းမနေနိုင် တဲ့ ကလေးတွေ အတိအကျတော့ မသိဘူးတဲ့။ ဒါ များတယ်လို့တော့ မိဘတွေက ပြောပါတယ်တဲ့။

ဟုတ်တယ်။ ကျောင်းမနေနိုင်တဲ့ ကလေးတွေကျတော့ နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ကျောင်းမနေနိုင်တဲ့ ကလေးတွေက အပြောင်းအလဲလိုတယ်။ ဘာကြောင့် အပြောင်းအလဲလိုလဲဆို တော့ အဲဒီအပေါ်မှာ ကျွန်တော်တို့ကနေပြိးတော့ ထောက်ပံ့လိုက်ပြီး ကျောင်းသွားထားလိုက်လို့ရှိရင် အဆင်ပြေသွားမယ့်လူလား။ သို့မဟုတ် ကျောင်းပြင်ပ ပညာရေးနဲ့ ချိတ်ဆက်ရမှာလားဆိုတဲ့ နှစ်မျိုးရှိ တယ်။ အဲဒီနှစ်မျိုးလုံးနဲ့မှ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိတာ ပေါ့။ ဆိုလိုတာက ကျွန်တော်တို့ ထောက်ပံ့နိုင်တဲ့အရာကို ထောက်ပံ့နိုင်တဲ့ နည်းလမ်းတွေရှာပြီး ထောက်ပံ့နိုင်မယ်။

နောက်တစ်ခုက ကျောင်းပြင်ပ ပညာရေးပေါ့။ ကျောင်းပြင်ပ ပညာရေးမှာ အကျုံးဝင်သွားပြီး တော့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ပြောနေတာက လေနဲ့ပြောနေသလိုဖြစ်တယ်။ တကယ်တမ်း ဆောင်ရွက်တဲ့အခါကျတော့ ကျွန်တော်တို့ ဌာနက လူအင်အားနည်းပါးတာရယ် ကိုယ်တိုင်လိုက်ပြီး ဆောင်ရွက်နိုင်တာရယ် တချို့ဟာတွေကျတော့ အထမမြောက်နိုင်ဘူး။ ဒါတွေက ကျွန်တော် ပွင်ပွင့်လင်းလင်းအနေနဲ့ ပြောပြတာ။ ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနအနေနဲ့ တကယ်လုပ်ရမယ့်ဟာက ဘာလဲဆိုတော့ တကယ်တမ်း ပြည်သူလူထုကြားထဲမှာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ အရမ်းကောင်းတယ်။ အရမ်းတော်တဲ့ အဖွဲ့အ စည်းတွေ အများကြီးရှိတယ်။ အဲဒီအဖွဲ့အစည်းတွေ ချိတ်ဆက်နေတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ လာပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတယ်။ အဲသလို ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေရှိတယ်။ ချမှတ်ထားတဲ့ မူဝါဒဆိုတာ အခြားဟာမဟုတ်ဘူး။ ပြည်သူ့အတွက် ဘယ်လို ကောင်းအောင်လုပ်ပေးမလဲဆိုတာကို ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး မူဝါဒါပေါ့။ အဲဒီအခါမှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ခုနအရာတွေကို ကျွန်တော်တို့ အကုန်လုံး ဆောင်ရွက်နိုင်မယ်။ ဒါကို ကျွန်တော်တို့ ဦးစားပေး ဆောင်ရွက်နေတယ်။ အခုလည်း ကျွန်တော်တို့ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ပြည်သူတွေလည်း မြင်မှာပါ။ မီဒီယာတွေမှာလည်း ပါပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly