သဘာဝဘေးအတွက် လူကယ်ပြန်ဝန်ကြီးဌာန ဘာတွေ ကြိုပြင်ထားပြီလဲ

သဘာဝဘေးအတွက် လူကယ်ပြန်ဝန်ကြီးဌာန ဘာတွေ ကြိုပြင်ထားပြီလဲ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

ပြည်သူလူထုရဲ့ လူမှုဘဝတွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ဘာတွေများ လုပ်ဆောင်ပေးနေလဲဆိုတာကို ကျွန်တော် ဒီနေ့ မဇ္ဈိမအနေနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးကို အသေးစိတ် တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မဇ္ဈိမ ပရိသတ်များလည်း ဝန်ကြီးကို  မေးမြန်းနိုင်ပါတယ်။ မေးမြန်းချင်တာရှိရင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ဝန်ကြီးခင်ဗျာ ကျွန်တော် ပထမဆုံး မေးမြန်းချင်တာက ဝန်ကြီးတို့ ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ စီမံကိန်းလိုမျိုး ဘာတွေများ လုပ်နေပြီလဲ။ အခြား ဘာတွေများ စီမံထားပါသလဲခင်ဗျာ။

ကျွန်တော်တို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ စီမံကိန်းရှိတယ်။ ရက် ၁၀၀ စီမံကိန်းရှိတော့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ဌာနနှစ်ခုရှိတယ်။ အဲဒါက လူမှုဝန်ထမ်းဌာနနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဖြစ်ပါတယ်။ အဲနှစ်ခုရှိတော့ လူမှုဝန်ထမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလည်းပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေလည်း ပါတယ်။

ကျွန်တော်တို့အနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကို ပြောရရင်တော့ ပထမ ဆုံးအနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာပေါ့။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဓိက လုပ်ဆောင်ရတာကတော့ ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေရှိတယ်။ ဖြစ်ရင် အလျင်အမြန် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေရှိတယ်။ နောက်တစ်ခုက ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဆိုပြီး သုံးခုရှိတယ်။ ရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဘာကို ဦးစားပေးလဲဆိုတော့ ဖြစ်ရင် ဖြစ်ဖြစ်ချင်း ဦးစားပေးလုပ်တဲ့ သဘာဝဘေးအန္တရာယ်တွေ အဲဒီတော့ ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒီမှာ အဓိကက ဘာလဲဆိုတော့ သဘာဝဘေးအန္တရာယ် ဖြစ်နေချိန်မှာ ထိထိရောက်ရောက် မြန်မြန် ပြုပြင်ပြီးတော့ ပြန်လည်နေရာချထားရေးအပိုင်းမှာလည်း ပိုပြီးတော့ စနစ်ကျဖို့ဆိုပြီးတော့ ကြိုတင်ကာကွယ်ရေးက အရေးကြီးတဲ့ ကိစ္စအနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာရှိတယ်။ ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေလုပ်နေလဲဆိုတော့ အဓိကကတော့ ကြိုတင်ကာကွယ်တယ် ဆိုတာ ပြည်သူတွေကနေပြီးတော့ သဘာဝဘေးအန္တရာယ် ဖြစ်လို့ရှိရင် ထိထိရောက်ရောက် သတင်းရရှိဖို့ လိုတယ်။ ထိထိရောက်ရောက် သတင်းရရှိဖို့ဆိုတော့ ပြည်သူဆီကလည်း သတင်းရရှိဖို့ လိုသလို ကျွန်တော်တို့ကလည်း ပြည်သူတွေကို ပြန်ပြီးတော့ သတင်းကိုဖြန့်တယ်။ အဲဒီကျတော့မှ တုန့်ပြန်မှုတွေက တူညီမယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့က ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ် ဖို့ဆိုပြီး နည်းလမ်းတွေ လုပ်ထားတာရှိတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တို့နေပြည်တော်မှာရှိတဲ့ ရုံးချုပ်ကနေပြီးတော့ ၂၄ နာရီ Outline ရှိတယ်။ အဲဒါကတော့ 067404666 , 067404777 ပေါ့။ ဒီနှစ်ခုကို လုပ်ထားတယ်။ လုပ်ထားခြင်းအားဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာကနေ ပြည်သူလူထုက ချက်ချင်း အကြောင်းကြားလို့ ရတယ်။ ဒါမှလည်း သက်ဆိုင်ရာ ကာကွယ်စောင့် ရှောက်ပေးမယ့် ပြန်တုန့်ပြန်ပေးမယ့်သူတွေဆီကို ချက်ချင်း သတင်းပြန်ပေးလို့ရမယ်။ ကျွန်တော်တို့က နေပြီးတော့ ပြည်သူတွေကို တိုက်ရိုက် တုန့်ပြန်ပေးလို့ရတယ်။ ဒါကတော့ ကျွန်တော်တို့ ကြိုတင် တုန့်ပြန်တဲ့အပိုင်းပေါ့နော်။ နောက်တစ်ခုကလည်း သဘာဝဘေးအန္တရာယ်ဆိုတာ ကျရောက်နိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကြိုတင်တဲ့အပိုင်းတွေမှာလည်း ကျွန်တော်တို့ရဲ့ ကိစ္စတွေကို ပြင်ဆင် ထားရတယ်ပေါ့။ ပြင်ရတယ်ဆိုတာ ကယ်ဆယ်ဖို့အတွက် ပစ္စည်းတွေ အလုံအလောက်ရှိမှ ကယ်ဆယ်လို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်းတွေမှာ ကယ်ဆယ်မယ့် ပစ္စည်းတွေကို အဆင်သင့် ဖြည့်ဆည်းထားတယ်။ သိုလှောင်ထားတယ်။ ရုတ်တရက်ဖြစ်လို့ရှိရင် ကျွန်တော်တို့ အဆင်သင့်ဖြစ်အောင်လို့ပေါ့။

အင်တာဗျုး ဗွီဒီယိုဖိုင်-https://www.facebook.com/MizzimaDaily/videos/1208700642498172/

နောက်ပြီးတော့ ကျွန်တော်တို့ ပေါင်းပြီးလုပ်ဆောင်ရမယ့် အဖွဲ့အစည်းတွေရှိတယ်။ ကျွန်တော် တို့ ဝန်ကြီးဌာနအနေနဲ့ဆိုလို့ရှိရင် ဝန်ထမ်းအင်အား တော်တော်နည်းတယ်။ ဖွံ့ဖြိုးနေတဲ့အလျောက် ကျွန်တော်တို့ဝန်ထမ်းတွေ မရှိနိုင်တဲ့အတွက်ကြောင့် အုပ်ချုပ်ရေးအပိုင်းတွေလိုသွားမယ်။ ကျန်တဲ့ ကြက်ခြေနီတို့ မီးသတ်တို့နဲ့လည်း ကျွန်တော်တို့ ပေါင်းရတယ်။ ပြည်သူ့ရဲတွေ ဒါတွေအကုန်လုံးနဲ့ ပေါင်းစပ်ပြီးတော့ ကာကွယ်ရေးလုပ်ငန်းတွေမှာ ချိတ်ဆက်ပြီးတော့ လုပ်ထားတာတွေ ရှိပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အစီအမံတွေနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်တစ်ခါ ကျတော့ ကျွန်တော်တို့ ကြိုတင်ကာကွယ်ရေးအပိုင်းမှာလည်း ကျွန်တော်တို့ ပြည်သူတွေဆီက သတင်းရရှိဖို့နဲ့ ကျွန်တော်တို့ အလျင်အမြန် တုန့်ပြန်ဖို့အတွက်ကို Emergency Basic Center ကျွန်တော်တို့ နေပြည်တော်ရုံးချုပ်မှာ Emergency Operation Center ရှိတယ်။ ဒါက နိုင်ငံတကာနဲ့ ဆက်သွယ်လို့ရတဲ့ စင်တာကြီးတစ်ခု ဖြစ်တယ်။

နောက် ရာသီဥတုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေလည်း ရရှိနိုင်တယ်။ နောက်ပြီး တော့ ဘယ်လိုတုန့်ပြန်ဆောင်ရွက်ရမလဲဆိုပြီးတော့ အစီအမံတွေ ဆောင်ရွက်ထားတာ ရှိတယ်။ ဒါကို Emergency Operation Center ကို Update လုပ်တယ်။ အဆင်မြင့် လုပ်ငန်းတွေလုပ်တယ်။ ပစ္စည်းတွေဖြည့်တင်တယ်။ လူတွေကို ဖြည့်တင်းတယ်။ ပညာရှင်တွေကို သင်တန်းတွေပေးတယ်။ ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်နေတယ်ဆိုတာ ကြိုတင်ကာကွယ်တဲ့အပိုင်းပေါ့။ အဲသလိုမျိုး ပြည့်စုံသွားလို့ရှိရင် ကျွန်တော်တို့ တကယ်တမ်းဖြစ်လာရင် ဘယ်လို ကာကွယ်ရမလဲဆိုတာ သိနိုင်တယ်။

အဲဒီထက် ပိုပြီး ကျွန်တော်တို့ ဆောင်ရွက်ထားကတော့ ကျွန်တော်တို့မှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ကော်မတီရှိရမယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ နိုင်ငံတော်အဆင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု ဗဟိုအဆင့်ဆိုတာ ဒုတိယသမ္မတ ဦးစီးပြီးတော့ ဆောင်ရွက်ထား တာရှိတယ်။ အဲဒီကော်မတီအောက်မှာ လုပ်ငန်းကော်မတီတွေရှိတယ်။ အဲဒီလုပ်ငန်းကော်မတီ အသီး သီးမှာ ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်တယ်။ ဒီဟာတွေနဲ့ ကျွန်တော်တို့ အဆင်သင့် ဖွဲ့စည်းထား တဲ့အခါကျတော့ ကြီးမားတဲ့ သဘာဝဘေးအန္တရာကြီး ဖြစ်ပေါ်လာမယ် ရုတ်တရက် ကျွန်တော်တို့ ဆောင်ရွက်နိုင်တာ ရှိမယ်ပေါ့။ ဒါကတော့ ကျွန်တော်တို့ ကော်မတီဖွဲ့စည်းပြီးတော့ ပြောတာဖြစ်တယ်။

နောက်တစ်ခုက အခု ကျွန်တော်တို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်တာက ပြည်သူတွေက သိရှိဖို့ လိုအပ်တယ်။ အဲဒီလို ပြည်သူတွေက သိရှိဖို့အတွက် အသိပညာပေးတာတွေ လုပ်တယ်။ ဒါက အမြဲတမ်းပဲ လုပ်နေတာလေ။ ဥပမာ ရေကြီးရေလျှံဖြစ်ရင် ဒီနေရာမှာ ရေမြှုပ်တယ် ဆိုရင် မြင့်တဲ့နေရာ ဘယ်နေရာကို ရွေ့ပြောင်းမလဲ ရွေ့ပြောင်းရင် ဘယ်လိုရွေ့ပြောင်းမလဲ စသဖြင့်ပေါ့ ငလျင်လှုပ်ရင် ဘာလုပ်မလဲ အခြား သဘာဝဘေးအန္တရာယ်တွေဖြစ်လာရင် ဘယ်လို လုပ်မလဲဆိုတာ ကျွန်တော်တို့ ဇာတ်တိုက်လေ့ကျင့်နေတာရှိတယ်။ ဒါတွေကိုလည်း ဇာတ်တိုက်လေ့ ကျင့်တာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ် အဖြစ်များတဲ့ တိုင်းတွေမှာ တော်တော်များများကို ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ ဒါက ကျွန်တော်တို့ ရက် ၁၀၀ အတွင်းမှာပဲ ဆောင်ရွက်နေတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပေ့ါနော်။

နောက်တစ်ခုက ကျွန်တော်တို့ ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ ခုနကပြောသလို တယ်လီဖုန်း တွေအတွက် ကျွန်တော်တို့ Application တွေ တီထွင်နေတယ်။ ဒါဟာ ကျွန်တော်တို့ ဇူလိုင်လထဲမှာပဲ အပြီးထွက်ပေါ်မယ်။ အဲဒီကျလို့ရှိရင် Mobile Application နှစ်ခုပါတယ်။ တစ်ခုက Application လို့ခေါ်တယ်။ နောက်တစ်ခုက Resistor Race Notification ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ Mobile Application နှစ်ခုကို ကျွန်တော်တို့ လုပ်ဆောင်နေတယ်။ ဒါ နောက်လဆိုရင် ကျွန်တေ်ာတို့ ထွက်လာမယ်။ လူတွေအတော်များများမှာက MobiLe Phone တွေ ရှိကြတယ်။ ဒီ MobiLe Phone တွေထဲမှာ MobiLe Application ကို ထည့်ထားလို့ရှိရင် အားသာချက်က နှစ်ခုရှိတယ်။ တစ်ခုကဘာလဲဆိုရင် သဘာဝဘေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြီးတော့ တပြေးညီ ထည့်ထားတယ်။ ဒီထဲမှာကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ အကယ်၍ ရုတ်တရက်ဖြစ်လာရင် မိုးလေဝသနဲ့ဆိုင်တဲ့ အထူးသတင်းတွေ ဒီထဲမှာပါမယ်။ နောက်ပြီး သဘာဝဘေးဖြစ်နေတဲ့နေရာတွေ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်။ ထိထိရောက်ရောက် ဆောင်ရွက်လို့ရမယ်။

နောက်တစ်ခုက ပြည်သူလူထုကနေ ချက်ချင်း သတင်းပေးလို့ရအောင် တုန့်ပြန်တဲ့ Application ပေါ့။ ဥပမာ ကနဦးအပျက်အဆီးရှိရင် ကနဦး အပျက်အစီးစာရင်းကို ပြနိုင်မယ်။ ကျွန်တော်တို့ရွာမှာတော့ ဒီလိုဖြစ်သွားတယ်။ အိမ်တွေ ဘယ်နှစ်လုံးပြိုတယ်။ စသဖြင့် ဥပမာအားဖြင့် ဒါတွေကို ဆက်သွယ်လို့ ရတဲ့ Application ပေါ့။ ဒါတွေကလည်း ကျွန်တော်တို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တဲ့ အပိုင်းလေးပေါ့။

နောက်တစ်ခုက သင်တန်းတွေ သင်တန်းတွေမှာ ဘာလဲဆိုတော့ ကျွန်တော်တို့ ဟင်္သတမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲဖို့ သင်တန်းကျောင်းတော့ရှိတယ်။ အဲဒီသင်တန်းကျောင်းကနေပြီး တော့ အရပ်ဖက် လူမှုအဖွဲ့အစည်းကနေ တကယ်တမ်းဆို လက်တွေ့မှာ ပြီးခဲ့တဲ့ သဘာဝဘေး အန္တရာယ်မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ လူမှုအဖွဲ့အစည်းတွေကနေ အများကြီး စေတနာထက်သန်စွာနဲ့ ကိုယ့်အစီအစဉ်နဲ့အတူ ကူညီရတာတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့က လူမှုအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက် ထားလို့ရှိရင် ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ်။ တကယ် ပြည်သူတွေ လိုအပ်တဲ့ နေရာကို သူတို့ရောက်အောင် ကျွန်တော်တို့ကနေ စီစဉ်ဆောင်ရွက်ပေးလု့ိရှိရင် ပိုပြီးတော့ စနစ်တကျ ဆောင်ရွက်ပေးနိုင်မယ့် အဲဒီလို ချိတ်ဆက်တဲ့အပိုင်တွေကို ကျွန်တော်တို့က လုပ်နိုင်အောင်ဆိုပြီးတော့ လူမှုအဖွဲ့အစည်းကလူတွေ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲရေးပေ့ါ။ ဒါတွေနဲ့ပတ်သက်ပြီးတော့ သင်တန်းကျောင်းတွေ ပေးနေတာရှိတယ်။

ဆိုတော့ ဒါမျိုးတွေကို ကျွန်တော်တို့က ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်နေတယ်ပေါ့။ ဥပမာအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ချင်းပြည်နယ်မှာဆိုလို့ရှိရင် မြေပြိုဆည်ပေါ့။ မြေပြိုဆည်ဆိုရင် သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ မြေပြိုဆည်။ ဒါပေမယ့် အဲ့မြေပြိုဆည်ကြီးများ ပျက်သွားခဲ့ရင် ဒီကလေးမြို့ ရေလျှံပြီး ပြည်သူလူထုကနေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ကွင်းဆင်းပြီးတော့ လက်ရှိအခြေအနေကို ကျွန်တော်တို့ လေ့လာတယ်။ ပညာရှင်အဖွဲ့တွေနဲ့ သွားတယ်။ သွားပြီး နောက်ဆုံးကျတော့ ကြိုတင်ကာကွယ်ရေးပေါ့။ ပြည်သူတွေ စိုးရိမ်မှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အပိုင်းကို ကျွန်တော်တို့ လုပ်ထားပြီ။ ပြီးခဲ့တဲ့လကနေ စတင်ဆောင်ရွက်တာ ၈၀ % တော့ ပြီးပြီ။ ဒါကတော့ မြေပြိုဆည်ရဲ့ တကယ်တမ်း ပေါက်လို့ရှိရင် အန္တရာယ်မဖြစ်အောင် သူ့ရဲ့အောက်မှာ နှုန်းထပ်စစ်တွေ ကျွန်တော်တို့လုပ်တယ်။ နောက်ပြီးတော့ ရေပိုလွှဲ ကျွန်တော်တို့ တည်ဆောက်တယ်။ ဒါကို ဆောင်ရွက်တယ်။ အဲဒါကို ဆောင်ရွက်တဲ့အခါကျတော့ ကျွန်တော်တို့ ဘက်ဂျက်အနေနဲ့ ဆောင်ရွက်လို့ရပေမယ့် လုပ်ငန်းအနေနဲ့ကျတော့ စိုက်ပျိုးရေး မွေးမြူရေး ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရတယ်။ အဲလိုလုပ်ထားတာတောင်မှ အကယ်၍ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ရင် ပြိုသွားခဲ့သော် ပြိုဖို့အတွက် အင်မတန်နည်းတယ်ပေါ့နော်။ ပြိုသွားခဲ့သော် အန္တရာယ်မရှိအောင် ကျွန်တော်တို့ လုပ်ထားတာဖြစ်တယ်။ အကယ်၍ ရေကြီးလာပြီဆို ရင် မနိုင်ဘူး လျှံလာပြီဆိုရင်လည်း ပြည်သူတွေက ချက်ချင်း သိပြီးတော့ လွတ်ရာနေရာကို ပြောင်းရွေ့ဖို့အတွက် ကျွန်တော်တို့က စီစဉ်ထားပြီး ဖြစ်တယ်။ သေသေချာချာ စီစဉ်ထားတာပါ။ အဲတော့ ဘာလဲဆိုတော့ ချက်ချင်း သတင်းပို့နိုင်ရမယ်။ ဟာ ဒီဆည်ကတော့ ဒီလိုဖြစ်လာပြီ မြေပြိုတဲ့ သတင်းက Single Size တောင်မှ ကျန်တဲ့ အရာတွေ ပြတ်ထွက်သွားရင်တောင်မှ ဆက်သွယ်လို့ရ အောင် အဲဒီအရာကို ကျွန်တော်တို့ တပ်ဆင်မယ်။ ကလေးမှာရှိတဲ့ စခန်းနဲ့ ကျွန်တော်တို့ တပ်ဆင်ထားတာရှိတယ်။

နောက်တစ်ခါ ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနနဲ့ ဆက်သွယ် ချိန်ဆက်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူကိုလည်း သတိပေးထားတယ်။ တကယ်ဖြစ်ရင် ပြောင်းရမယ့်နေရာ သတ်မှတ်ပေးထားတယ်။ အကယ်၍များ ရေကြီးမှုဖြစ်ရင် မြင့်တဲ့နေရာ ဘယ်နေရာကို ပြောင်းရမယ်ဆိုတာ အဲဒီနေရာတွေကို သတ်မှတ်ထားတယ်။ ဥပမာ လှေတွေမရှိဘူးဆိုရင် အဲဒီမှာ လှေတွေဝယ်ပြီး ပို့ထားတာရှိတယ်။ ဒါမျိုးတွေကိုလည်း ဒီလို ဆောင်ရွက်ထားတယ်။ ပြည်သူတွေကိုလည်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဒါမျိုးတွေလည်း ကြိုတင်ဆောင်ရွက်နိုင်အောင်ပေါ့။ ဒါကတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီးတော့ အပိုင်းပဲ ရှိသေးတာပေါ့။

အဲဒီတော့ နောက်တစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ လုပ်ထားတဲ့အရာက ဒီ ရက် ၁၀၀ စီမံကိန်းအတွက် ဆောက်ရွက်ရမှာက ကြိုတင်ကာကွယ်မှုကိုပဲ တကယ်တမ်းဖြစ်လို့ရှိရင် ထိထိရောက် ရောက် ပြည်သူကို ကယ်တင်ဖို့အတွက် အပြေးအလွှားရောက်သွားရမယ်ပေါ့။ ဒီလို ရောက်သွားတဲ့အ တွက် ဒီလို ကယ်ဆယ်ရေးပစ္စည်းတွေ ပို့တယ်ပေါ့နော်။ ပို့တဲ့အခါကျတော့ တကယ်လိုအဲဒီပစ္စည်းတွေ ထိထိရောက်ရောက် ရောက်သွားတဲ့အခါမှာ ကျွန်တော်တို့က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရတာဖြစ်တယ်။ အားလုံးကလည်း ကြိုးစားပြီးတော့ လုပ်ဆောင်နေတာဖြစ်တယ်။ အဲဒီတော့ တကယ်ပဲ ထိထိရောက်ရောက် ပြည်သူပဲ တကယ်ခံစားရလားဆိုတာ သိဖို့အတွက် ပြည်သူတွေဆီက သိဖို့အတွက် ကျွန်တော်တို့ လိုအပ်တယ်ပေါ့နော်။

ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မူဝါဒက (၁) ရိုးရိုးသားသား ဆောင်ရွက်ဖို့ပေါ့။ (၂) ပြည်သူတွေရဲ့ တုန့်ပြန်မှုကိုသိပြီးတော့ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့က ရိုးရိုးသားသားဆောင်ရွက်တယ်။ ပြည်သူတွေဆီက တုန့်ပြန်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်မယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ တုန့်ပြန်မှုကို လိုတာပေါ့နော် Feedback ကို ဘယ်လိုရနိုင်မလဲပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကနေပြီးတော့ ဆန်းစစ်ရမယ်ပေါ့။ ဆန်းစစ်ပြီးတော့ ကျွန်တော်တို့ သဘာဝဘေး အန္တရာယ်အတွက် ကယ်ဆယ်ပြီးသားနေရာတွေမှာ ကျွန်တော်တို့ ဆန်းစစ်လွှာတွေနဲ့ ပြည်သူတွေအတွက် လုပ်နိုင်တယ်။ လုပ်တဲ့အခါမှာ ဘာတွေလိုမလဲဆိုတာကို ကျွန်တော်တို့ ပြန်ဆန်းစစ်ပြီးတော့မှ ပြန်ုလုပ်နေတယ်။ ဆိုလိုတာက ဝန်ကြီးဌာနက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားရတယ်။ ပြည်သူတွေ ယုံကြည်ကိုးစာမှုရအောင် ကျွန်တော်တို့ လုပ်နေတယ်ပေါ့။ အဲဒါက သဘာဝဘေးနဲ့ ပတ်သက်တဲ့ အပိုင်းပေါ့နော်။ နောက် ကျန်တဲ့အပိုင်းကတော့ လူမှုဝန်ထမ်းအပိုင်းပေါ့နော်။ နောက်ပြီး သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီး မေးချင်တာရှိရင်လည်း မေးပေါ့။

မဇ္ဈိမ ပရိသတ်များခင်ဗျာ ဝန်ကြီးကတော့ ပြောသွားပါတယ်။ ဒီသဘာဝဘေးအန္တရာတွေနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ တစ်စုံတစ်ရာ ရှိလို့ရှိရင် 067404666 , 067404777 ကို ဆက်သွယ်မေးလို့ ရပါတယ်။ မဇ္ဈိမ ပရိတ်သတ်များလည်း တကယ်လို့ အခက်အခဲကို ကြုံတွေ့နေရ တယ်ဆိုရင် ၂၄ နာရီစလုံး ဖုန်းခေါ်ပြီးတော့ အကူအညီ တောင်းနိုင်ပါတယ်တဲ့။ ကျွန်တော် တစ်ဆက် တည်းမှာပဲ ဝန်ကြီးကို မေးချင်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly