လီဆောင်ဂီတွင် တိတ်တိတ်ပုန်း ကလေး ရှိသည်ဟူသော ကောလဟာလ သတင်းကို ဖြေရှင်းပေးရန် ရဲတပ်ဖွဲ့ကို အေဂျင်စီ မေတ္တာရပ်ခံ

လီဆောင်ဂီတွင် တိတ်တိတ်ပုန်း ကလေး ရှိသည်ဟူသော ကောလဟာလ သတင်းကို ဖြေရှင်းပေးရန် ရဲတပ်ဖွဲ့ကို အေဂျင်စီ မေတ္တာရပ်ခံ

ဆိုးလ် ၊ ဇွန် ၂၄ ။        ။ တောင်ကိုရီးယား အဆိုတော် မင်းသား လီဆောင်ဂီတွင် တိတ်တိတ်ပုန်း ကလေးရှိသည်ဟူ သော ကောလဟာလာသတင်းများကို ဖြေရှင်းပေးရန် ၎င်း၏အေဂျင်စီက Hook Entertainment က  စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံခဲ့သည်။

လီဆောင်ဂီနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော ကောလဟာလသတင်းများကို ဖြန့်ဝေနေ သော သတင်းအရင်းမြစ်ကို ခြေရာခံပေးရန် Hook Entertainment အေဂျင်စီက ကိုရီးယားအမျိုးသား ရဲတပ်ဖွဲ့ အေဂျင်စီကို တောင်းဆိုခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ထပ်မံ ပြုလုပ်ရန်အတွက် အဆိုပါ ကိစ္စရပ်ကို ဂမ်းနမ်ခရိုင် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့သည်။

လီသည် ဖေဖော်ဝါရီလက စစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ကြည်းတပ် အထူးတပ်ဖွဲ့ စစ်သားအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

လီသည် ၎င်း၏ မိတ်ကပ်အနုပညာရှင်နှင့် တရားမဝင် ပေါင်းသင်ခဲ့ပြီး မိတ်ကပ်ပညာရှင်က ၎င်းအတွက် ကလေးမွေးဖွားပေးခဲ့သည့် သတင်းသည် အွန်လိုင်းပေါ်တွင် ရက်ပေါင်းများစွာကြာ ပျံ့နှံ့ နေကြောင်း ပြည်တွင်းမီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required